နောက်ဆုံးတွင် သူမသည် စာအုပ်တစ်အုပ်လုံးကို အလွတ်မှတ်ပြီးသွားသောအခါ အပြင်ဘက်တွင် အချိန်သုံးနာရီ ကုန်ဆုံးသွားပြီဖြစ်သည်။

သူမက တံခါးကို ခေါက်လိုက်ရာ မကြာမီတွင် သတ်လတ်ပိုင်းအရွယ်လူကြီး ရောက်လာ၏။ သူသည် တံခါးဖွင့်လိုက်ပြီး သူမဆီမှ စာအုပ်ကို ပြန်ယူ၍ ပြောလိုက်သည်။

"မင်း အပြင်ထွက်ချင်ရင် ဒါကို အလွတ်ဆို"

ဤ ရှစ်ဖူးနှင့် တပည့်နှစ်ဦးအား ကျင်းယွင်ကျောင်း အနည်းငယ် အံ့သြမိ၏။

သို့ရာတွင် သူတို့က ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း စတင်၍ အလွတ်ဆိုပြလိုက်တော့သည်။

စာအုပ်သည် စာမျက်နှာနှစ်ရာခန့်ရှိရာ အလွတ်ဆိုရသည်မှာ အချိန်အနည်းငယ်ကြာ၏။ တပည့်ဖြစ်သူက စာလုံးတစ်လုံးမှ မလွတ်အောင် အာရုံစိုက်၍ နားထောင်နေသည်။ သူသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်အခါများ၌ ကျင်းယွင်ကျောင်းအား မှန်သည်အထိ ထပ်ခါထပ်ခါ ပြန်၍ ရွတ်ဆိုစေ၏။

ကျင်းယွင်ကျောင်းသည် ပေါ့တီးပေါ့ပျက် လုပ်တတ်သောသူမျိုး မဟုတ်ပေ။ သူမသည် သင်ယူပါမည်ဟု ကတိပေးလိုက်ကတည်းက သေချာပေါက် သူမ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား၍ သင်ယူမည်ဖြစ်သည်။

သူမ စာပြန်ပြီးချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်၏။

"စာလုံးတိုင်း မှန်တယ်။ မင်း အခု ပြန်လို့ရပြီ။ နောက်တစ်ကြိမ်လည်း အချိန်မှန်လာဖို့ မမေ့နဲ့။ ဒါက ဒီနေ့အတွက် ဆေးဖိုးငွေ"

တပည့်ဖြစ်သူ၏ စိတ်ထားသည် ရှစ်ဖူးဖြစ်သူထက််ပင် ပို၍ဖြောင့်မှန်သေးသည်။ သူသည် သူလုပ်စရာရှိသည်အား လုပ်ပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့၏။

သူမ၏ လက်ထဲတွင် သူမ ရသင့်သည်ထက်ပိုသော ယွမ်ထောင်ဂဏန်းခန့်က အံအားသင့်ဖွယ် ရှိနေသည်။

ယမန်နေ့က ပိုက်ဆံနှင့်ပေါင်းလိုက်ပါက သူမ၏ လက်ထဲတွင် ယွမ်တစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ အချိန်တိုအတွင်း ဤမျှ ငွေပမာဏရှာနိုင်မည်ဟု သူမ အတိတ်ဘဝက စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now