အခန်း-(၅၂)

Começar do início
                                    

"ဧကရီ ......မေးနေစရာများလိုသေးလို့လား? မင်းရဲ့အပြစ်တွေကအများကြီးပဲလေ။ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ တော်ဝင်မျိုးဆက်တွေကိုသတ်ခိုင်းတဲ့အပြစ်! တော်ဝင်မိဖုရားတစ်ပါးကိုလုပ်ကြံသတ်ဖြတ်ဖို့စေခိုင်းတဲ့အပြစ်! နောက်ဆုံး...... "

လီဧကရာဇ်သည်ကား တုန်လှုပ်နေသော်လည်း ဟန်ဆောင်ကာမာန်တင်းထားသေးသည့်
ဧကရီလျန်ကိုစိတ်ပျက်ခြင်းများစွာဖြင့်ကြည့်ရှုလျက် သက်ပြင်းသာထပ်မံချလာခဲ့သည်။ သူကထိုမိန်းမနှင့်ပြောဆိုဆက်​ဆံလိုစိတ်ပင်မရှိတော့သည်မို့လိုရင်းကိုသာလျင်မြန်စွာပြောဆိုလာခဲ့ပေ၏။

"နန်းမျိုးဆက်ကိုဖျက်စီးဖို့ကြိုးစားတဲ့အပြစ်! မင်းဘာတွေများထပ်ပြီးလုပ်ထားသေးလဲသိတောင်မသိချင်မိတော့ဘူး။"

"အရှင်မင်းကြီး ဒါတွေကမဟုတ်မမှန်စွပ်စွဲချက်တွေပါ! ကျွန်မမလုပ်....."

"အဲ့ဒီလုပ်ကြံသူခေါင်းဆောင်ကို ကျန်းတို့ဖမ်းမိခဲ့ပြီးပြီ။ သူတို့ကြေးစားအဖွဲ့ကို တိုက်ရိုက်ခိုင်းစေတာက ရုလျန်ဆိုတဲ့မိန်းကလေးလို့သက်သေထွက်ဆိုတယ်။ "

"???"

ဧကရီလျန်မှာ ရုလျန်ကိုမယုံကြည်နိုင်ဟန်ဖြင့်ကြည့်ရှုလာခဲ့သည်။သူမအနား၌နေသည့်ရုလျန်မှာတုံးအသောမိန်းကလေးတစ်ဦးမဟုတ်သလို သူမ၏အမည်နာမကို လုပ်ကြံသူများရှေ့၌ထုတ်ဖော်ပြောဆိုမည့်သူလည်းမဟုတ်ပေ။ သူမမှာလုပ်ကြံသူများက လီဆယ်ပြောဆိုခြင်းဟူ၍ငြင်းပယ်မည့်အချိန်၌ ရုလျန်က ဧကရာဇ်ရှေ့၌ဒူးထောက်ကာဆိုလာခဲ့၏။

"ဒီအစေခံကိုအပြစ်ပေးတော်မူပါ။ ဧကရီက ဒီအစေခံရဲ့သခင်ဖြစ်တာမို့ ဒီလိုယုတ်ညံ့တဲ့အကြံအစည်ကိုငြင်းပယ်လို့မရခဲ့ပါဘူး။ ဒီအစေခံသေသင့်ပါတယ်။ "

"ရုလျန်!?"

"ဧကရီ ကျွန်မဒီ့ထပ်ပိုပြီးမကောင်းတာတွေမလုပ်ချင်တော့ဘူး။ဒီလောက်နဲ့ပဲဝန်ခံကြရအောင်"

ဧကရီလျန်မှာရုလျန်ကိုမယုံကြည်နိုင်စွာကြည့်ရှုနေမိသည်။ရုလျန်၏အသွင်အပြင်သည်ကားထူးဆန်းစွာဖြင့်ပင် သေဒဏ်ပေးခံရနိုင်သည့်အနေအထား၌ပင်တည်ငြိမ်စွာရှိနေခဲ့ပြီးသူမကဤအခြေအနေကိုကြိုတင်မျှော်လင့်ထားသကဲ့သို့ပင်.......။ သူမက လီဧကရာဇ်၏နံဘေး၌
ရိုကျိုးစွာရှိနေခဲ့သော
ရုဝမ်ဘက်သို့တစ်ချက်လှမ်းကြည့်ရှုလိုက်ပြီး ဧကရီလျန်၏အကြည့်များကိုလျစ်လျူရှုလျက်ဆိုလာခဲ့၏။

||Lost Love|| (矢恋 ) (Completed) Onde as histórias ganham vida. Descobre agora