အခန်း-(၅၂)

Start from the beginning
                                    

"တျန်းရှင်း? အရေးကြီးစကား? ဝမ်ဖူပြန်ရောက်တာတောင်မစောင့်နိုင်ပဲပြောရတဲ့စကားကဘာများလဲ?"

"အဲ့ဒါတော့ ဒီအစေခံလည်းသေချာမသိပါဘူး"

ဧကရီလျန်မှာ ထူးဆန်းလှသောသတင်းစကားများ၌ဖြစ်နိုင်ချေများကိုစဥ်းစားနေခဲ့သည်။ရုဝမ်၏စကားများမှာတျန်းရှင်းနန်းဆောင်မှလူ၏စကားနှင့်အတူတူပင်ဖြစ်ပြီးလိမ်ညာနေခြင်းမရှိသည်မို့ သူမကရုဝမ်ကိုဂရုပြုနေခြင်းမရှိတော့ချေ။ တျန်းရှင်းနန်းဆောင်မှသတင်းအရ လီဧကရာဇ်ကတစ်စုံတစ်ခုကိုလျို့ဝှက်လုပ်ဆောင်လျက်ရှိပြီး တျန်းရှင်းမှအဓိကကျသောသူဟုပင်ပြော၍ရသောသူမတို့သူလျှိုပင်အတွင်းသို့ဝင်မရကာမည်သည့်သတင်းမှမသိရသည်ကတစ်ပတ်မျှပင်ရှိသွားချေပြီ။ လီဧကရာဇ်မည်သည်တို့ကိုကြံစည်နေသနည်းဆိုခြင်းကိုတွေးတောစဥ်းစားနေမိသည့်အခိုက်
သူမအဆောင်မှလူဖန့်ကုန်းကုန်းကအပြေးအလွှားရောက်ရှိလာပြီး သူမကိုထိတ်လန့်စွာဖြင့်ပြောကြားလာခဲ့၏။

"ဧကရီမယ်မယ် ပြဿနာတော့တက်ပါပြီ! အထူးရဲမက်တွေက ဒီအဆောင်တစ်ခုလုံးကိုဝိုင်းထားပြီး မယ်မယ့်ကိုဘယ်မှထွက်ခွင့်မပေးဘူးပြောနေပါတယ်။! ဘာအကြောင်းကိစ္စလဲဆိုတာမေးတော့ မယ်မယ်က ကြီးလေးတဲ့အပြစ်ကိုကျူးလွန်ခဲ့တာမို့ပြစ်ဒဏ်ချဖို့ကိုစီစဥ်နေတယ်လို့ပြောပါတယ်!"

"ဘာ!! အခု နင်ဘာတွေအဓိပ္ပါယ်မရှိတာတွေရေရွတ်နေတာလဲ! ဘယ်သူကများ ပန်ကုန်း*ကိုဖမ်းရဲရမှာလဲ!"

"ကျန်းပဲ။ ဧကရီ"

"အရှင်မင်းကြီး!?"

ဧကရီမှာအဆောင်တွင်းသို့တိတ်ဆိတ်စွာဝင်ရောက်လာသောဧကရာဇ်ကိုအလျင်တွေ့လိုက်ရပြီး သူ၏နောက်၌မူ သူမ၏အကြံအစည်နှင့်ဆန့်ကျင်စွာအကောင်းပကတိအတိုင်းပြန်ရောက်လာသော နျဥ်ကွေ့ဖေးကိုတွေ့လိုက်ရပေသည်။
သူမမှာနျဥ်ကွေ့ဖေးထံအံ့အားသင့်စွာကြည့်ရှုမိသည့်နောက် နျဥ်ကွေ့ဖေးမှာ သူမထံအေးစက်စွာဖြင့်ပြန်လည်ကြည့်ရှူလာခဲ့၏။

သူမက မည်သည့်အပြစ်ကြောင့်သူမကိုဤကဲ့သို့ဖမ်းချုပ်ထားရသနည်းဆိုသည်အားမေး​မြန်းမည့်အချိန်၌
လီဧကရာဇ်သည်ကားသက်ပြင်းအသာချလျက်သာ အလျင်ပြောကြားလာခဲ့၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now