အခန်း-(၅၁)

Start from the beginning
                                    

လီဝူရှင်းသည် သူ၏ဝမ်ဖေး၏
သူ့အပေါ်
နာကျည်းမုန်းတီးသောမျက်ဝန်းများဖြင့်မိမိကိုယ်ကိုအဆုံးစီရင်သွားသည့်ပုံရိပ်ကိုမြင်ယောင်လာရကာ သူ၏နံဘေးမှဝမ်ဖေးကိုကြည့်ရှုမိရသည်။ သေရည်ခွက်ကိုကိုင်ဆောင်ထားသောသူ၏ဝမ်ဖေးက လှပသောပန်းအလှဖော်ကကွက်ဆီသို့ငေးကြည့်နေခဲ့ပြီး အေးဆေးတည်ငြိမ်နေခဲ့ပြီး
အတိတ်ဘဝမှရှပ်ပြာပြာနိုင်မှုတို့ကအနည်းငယ်မျှပင်စွန်းထင်းမနေခဲ့ချေ။

လီဝူရှင်းကသူ၏အတွေးများ၌ပျောက်ဆုံးနေချိန်၌ ယီကွမ်းသည် တစ်စုံတစ်ရာသောမူမမှန်မှုကိုသတိထားမိခဲ့သည်။ဤသည်က မိန်းမပျိုများ၏အကအလှပြီးသွားသည့်နောက် ဖျော်ဖြေရန်နေရာသို့ဝင်ရောက်လာသည့်ဖျော်ဖြေရေးသမားများပါပေ။ သူတို့၏တုတ်များဖြင့်သိုင်းကွက်ကစားဖျော်ဖြေမှုမှာ အားရကျေနပ်ဖွယ်ကောင်းကာ အထက်တန်းစားဖျော်ဖြေမှုဖြစ်သော်လည်း သူတို့၏မျက်လုံးအကြည့်များကမူတည်ငြိမ်မှုမရှိခဲ့ပေ။ ပရိတ်သတ်ကထိုဖျော်ဖြေရေးအဖွဲ့ကိုချီးကျူးဩဘာပြုနေစဥ်၌ ယီကွမ်းသည်ကားအပြုံးခပ်ရေးရေးဖြင့်သာရှိနေခဲ့သည်။

ထိုဖျော်ဖြေရေးအဖွဲ့ကမူ သူတို့၏ဖျော်ဖြေရေးကကွက်များကိုဆက်လက်လုပ်ဆောင်လျက်ရှိပြီး နတ်ဆိုးအသွင်မျက်နှာဖုံးတပ်ထားသောသူတို့၏ခေါင်းဆောင်မှာ တုတ်တစ်ချောင်းနှင့်သိုင်းကွက်များကိုအလှပြရင်း လီလျန့်၏အနားသို့ချည်းကပ်သွားခဲ့သည်။ ထို့နောက်လီလျန့်ပင်မတုံ့ပြန်နိုင်လိုက်ခင်၌ ထိုခေါင်းဆောင်က သူ၏တုတ်အသွင်ရှိသောဓားအိမ်ထဲမှဓားကိုဆွဲထုတ်လာခဲ့ပြီးလီလျန့်ကိုတိုက်ခိုက်လာခဲ့သည်။ လီလျန့်သာအချိန်မှီမရှောင်တိမ်းနိုင်ခဲ့လျင် သူ၏ခေါင်းနှင့်ကိုယ်ကတွဲဆက်လျက်ရှိတော့မည်မဟုတ်ပေ။
ခေါင်းဆောင်ကစတင်တိုက်ခိုက်လာသည့်နောက် ဖျော်ဖြေရေးအဖွဲ့သားများကပါသူတို့၏ကိုယ်ပိုင်ဓားများကိုထုတ်ယူလာခဲ့သည်။ထို့နောက်ဖျော်ဖြေရေးခေါင်းဆောင်က ကျယ်လောင်စွာအော်ဟစ်လာခဲ့၏။

"အဲ့ဒီမင်းညီမင်းသားတွေအကုန်သတ်!"

"ဟုတ်ကဲ့!"

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now