ကျင်းယွင်ကျောင်းသည် သူမ၏ ဂုဏ်သတင်း ပိုကောင်းလာစေရန် ဆန္ဒရှိသည်။ သို့သော် သူများကြိုးဆွဲသည့်အတိုင်း လိုက်က,ပေးမည်အထိတော့ မဟုတ်ပေ။

နာမည်ကောင်းကဲ့သို့သော အရာကို သူမ တစ်နေ့ ပိုင်ဆိုင်လာလိမ့်မည်။ သို့သော် လူများက သူမကို ယခင်ကကဲ့သို့ ဆန့်ကျင်နေပါက သူမသည် အတင်းအကြပ် လုပ်ယူလိမ့်မည်မဟုတ်ပေ။

ကျင်းယွင်ကျောင်း၏ ခက်ထန်သော အရှိန်အဝါက သူမအား အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပုံပေါက်စေသည်။ အထူးသဖြင့် ယခုကဲ့သို့ သူမ ဒေါသထွက်နေချိန်တွင် ဖြစ်သည်။

"ငါပြောခဲ့သလိုပဲ၊ ချောင်မိသားစုက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ နင်လည်း အိမ်မပြန်ရင် ပိုက်ဆံရှိမှာ မဟုတ်ဘူးလေ"

ကျန်ရှ၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နေကြောင်း သူ၏ လေသံက သိသာလှ၏။

သူ၏ ဆိုလိုရင်းမှာ ကောင်းကောင်းမွန်မွန်သာဖြစ်သည်။ သူသည် ဤမျှကျေးဇူးမသိတတ်သောသူကို တစ်ခါမှ မတွေ့ဖူးချေ။ ယခင်က သူမအား မည်သူကမှ သဘောမကျခဲ့သည်မှာ အံ့သြစရာမဟုတ်။ သူမသည် ၎င်းနှင့် ထိုက်တန်သည််ပင်။

သူ ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်တွင် ခပ်ဝါးဝါး အပြုံးတစ်ခုပေါ်ထွက်လာ၏။

လူတိုင်းက သူမသည် ချောင်မိသားစုအပေါ်တွင် အကြွေးတင်နေသည်ဟု ထင်နေကြသည်။  သူမသည် သူတို့အပေါ် တကယ်ပင် အကြွေးတင်နေသည်လား၊ သေချာပေါက် မဟုတ်ပေ။

"ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန်၊ နင်က ပျားရည်တွေပြည့်နေတဲ့ ပျားအိမ်လိုမျိုး ချိုမြိန်တဲ့ဘဝထဲမှာ ကြီးပျင်းလာရတာ၊ ဒါကြောင့် ငါ့လို လူတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်ခဲ့ရသလဲဆိုတာ မသိတာ သဘာဝကျပါတယ်။ ငါ ကျောင်းမတက်ရသေးခင်တုန်းက အိမ်အလုပ်တွေအားလုံးကို လုပ်ဖို့ သင်ယူခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ နင့်ကို ပြောမပြချင်တော့ဘူး။ နင်က နင့်ရဲ့အနာဂတ်အတွက် ကျောင်းတက်နေပြီး ငါက ပညာသင်ဆုရဖို့အတွက် ကျောင်းတက်နေရတယ်။ ချောင်မိသားစုက ငါ့ကျောင်းစရိတ်အတွက် တစ်ပြားမှ မပေးခဲ့ဘူး၊ ပြီးတော့ ငါသုံးသမျှကလည်း ငါ ဆုရထားတဲ့ ပိုက်ဆံတွေချည်းပဲ။ နင်က ငါ့ကို ချောင်မိသားစုက ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် ငါ ဘာလို့များ နင့်ကို ချောင်မိသားစုနဲ့ တစ်ဖက်တည်းလို့ ထင်နေမိပါလိမ့်နော်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now