"ကျွန်မ ဒီနေ့ ကျောင်းထဲဝင်လာတော့ လုကျားက ကျွန်မရဲ့မကောင်းကြောင်းကို အခြေအမြစ်မရှိ စပြောပါတယ်။ ကျွန်မက စကားနည်းနည်းနဲ့ပဲ တုံ့ပြန်ခဲ့ပေမယ့် ကျွန်မ သူ့ကို ဘာများ မကျေမနပ်ဖြစ်အောင် လုပ်လိုက်မိတယ်မသိဘူး။ သူက စပြီး ကျွန်မကို လက်ညိုးငေါက်ငေါက်ထိုးပြီး အောက်တန်းစားမလို့ ခေါ်ပါတယ်။ ဆရာမ၊ ကျွန်မရဲ့မိဘအရင်းတွေက ကျွန်မကို စွန့်ပစ်ခဲ့တာ ကျွန်မအပြစ်လား။ လူတိုင်းက မွေးကတည်းက အောက်တန်းစားလား။ အကယ်၍ ဆရာမလည်း ဒီလိုသာ မတရားစွပ်စွဲခံရမယ်ဆို ဆရာမလည်း ဒေါသထွက်မိမှာလား"

ကျင်းယွင်ကျောင်းက ဖြည်းဖြည်းချင်း ရှင်းပြသည်။

"ဒါကြောင့် မင်း သူ့ကို ရိုက်ခဲ့တာလား"

ဆရာမကျင်က ပြန်မေးလိုက်၏။

ကျင်းယွင်ကျောင်း၏ ရန်စလာသူအား ပြန်တုံ့ပြန်ခြင်းအတွက် အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူမ၏လုပ်ရပ်များမှာ အနည်းငယ်လွန်သွားသည်။

"မဟုတ်ပါဘူး"

ကျင်းယွင်ကျောင်း၏ အမူအယာမှာ တင်းမာသွားသည်။

"သူရဲ့စကားတွေက မဟုတ်မမှန်တွေ ပိုများလာပြီး ရိုင်းစိုင်းလွန်းလာပါတယ်။ အဲဒီမှာ ကျွန်မ တုံ့ပြန်လိုက်တဲ့စကားက သူ့ဒေါသကို ထပ်ပြီး ဆွပေးမိခဲ့ပါတယ်။ အဲဒီမှာ သူက လက်ဆန့်ပြီး ကျွန်မရဲ့မျက်နှာကို ဆွဲကုတ်ဖို့ ကြိုးစားပါတယ်။ ဆရာမတို့အားလုံးလည်း သူ့လက်သည်းတွေရဲ့အရှည်ကို မြင်မှာပါ။ တကယ်လို့သာ သူ့လက်သည်းတွေက ကျွန်မမျက်နှာကို ကုတ်မိသွားရင် သေချာပေါက် ကျွန်မရဲ့မျက်နှာပျက်စီးသွားမှာပါ။ ကျွန်မ သူ့ကို ကျွန်မအပေါ်ကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ  စိတ်ကြိုက် စော်ကားခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပြန်လုပ်ခဲ့ပါတယ်။ မမျှော်လင့်မိခဲ့တာက ကျွန်မ သူ့ကို ပြန်မတုံ့ပြန်နိုင်တဲ့ စက္ကူကျားတစ်ကောင်လိို ပြောင်းသွားလိမ့်မယ်လို့ မထင်ခဲ့မိတာပါ။ သူက ကျွန်မကို စတိုက်ခိုက်ခဲ့ပေမယ့် ကျွန်မကို တစ်ချက်တောင် မရိုက်နိုင်ခဲ့ပါဘူး"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းDove le storie prendono vita. Scoprilo ora