သဘောတရားအရပြောရလျှင် သူတို့သည် ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏အုပ်ထိန်းသူ ဖြစ်ရန် မထိုက်တန်ကြောင်း သက်သေပြနိုင်လျှင် မြို့နယ်၏တာဝန်ရှိသူများထံသို့ ဆက်သွယ်နိုင်လိမ့်သည်။ သူ့အား သူမ၏အုပ်ထိန်းသူအဖြစ်မှ ရုတ်သိမ်းခြင်းသည် လက်ကလေးတစ်ချောင်း မ'ရုံထက်ပင် ပို၍လွယ်ကူသေး၏။

"ကျွန်မက အပြင်မှာ လျှောက်ပြီးအရူးထနေတယ်လို့ ရှင် ပြောလိုက်တာလား။ ကောင်းပြီလေ၊  အစောတုန်းက အဲဒီလူရမ်းကားတွေကို ဖမ်းမိပြီး သူတို့ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ပြီးသွားပြီလို့ ဆရာမတွေက ပြောလိုက်တယ်။ ကျွန်မကလည်း လက်မှတ်ထိုးပြီး အတည်ပြုပေးဖို့အတွက် သွားဖို့လိုတယ်ဆိုတော့ ကျွန်မတို့အားလုံး ဘာလို့ တူတူမသွားရမှာလဲ။"

ကျင်းယွင်ကျောင်းက အေးစက်စက်ဖြင့် အကြံပြုလာသည်။

"ကောင်းပြီလေ၊ သွားကြမယ်။ နင်စောင့်နေ၊ အိမ်ရောက်တာနဲ့ နင့်ကို သတ်ပစ်မယ်။"

ချောင်ဝေ့မင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်စကားဆိုလိုက်၏။

ကျင်းယွင်ကျောင်းက မကြောက်ပေ။ ဘယ်အချိန် အိမ်ပြန်ရမှာလဲ။ သူမသည် ထိုအိမ်ဟုခေါ်သော နေရာသို့ ပြန်တော့မည်မဟုတ်ပေ။

ကျင်းယွင်ကျောင်း၏ဖြစ်ရပ်သည် ကြီးမားလာပြီဖြစ်၏။ ကျောင်းတွင် သူမ၏အကြောင်း ကောလဟာလများက မဆုံးအောင် ပျံ့နှံ့နေသော်လည်း သူမသည် တစ်ကျောင်းလုံး၌ ထိပ်ဆုံးအဆင့်ဟု သတ်မှတ်ခံထားရသော ကျောင်းသူတစ်ဦး ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် ဤကိစ္စများအား ပါးပါးနပ်နပ် မကိုင်တွယ်မဖြေရှင်းပါက ကျောင်း၏ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မည်ပင်။ သို့ဖြစ်၍ ဒါရိုက်တာက ဆရာမကျင်၊ ကျင်းယွင်ကျောင်း၊ ချောင်ဝေ့မင်နှင့် ကျန်ရှိသောသူများကို ရဲစခန်းသို့ ခေါ်သွားသည်။

ထွက်မလာခင်က ကြိုတင်၍ဆက်သွယ်ထားသောကြောင့် ရဲစခန်းက လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ပေးထားပြီး သူတို့ရောက်သည်နှင့် စာရွက်များကို ကမ်းပေးလာသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now