အပိုင်း(18) Unicode🔞

17.1K 734 33
                                    

Unicode

မီးနီပိစိလေးပါ မဖတ်ချင်ရင်ကျော်သွားလို့ရပါတယ်။
( ၀တ္တရားအရပြောတာပါ ဖတ်မဲ့သူတွေချည်းပါဘဲ)
.
.

အရှေ့နေကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့နှစ်ယောက်က ဆက်မင်းတို့နဲ့ ခပ်လှမ်းလှမ်း‌ေနရာရောက်တော့ ဖုန်တောထဲနောက်တစ်ခါထပ်ပြီးထိုင်ချနေသည်။သေချာပါတယ် အငွေ့ဥသြဆွဲနေပါပြီ။

"ရလားအငွေ့ မင်းစားထားတာတွေကုန်ပြီ"

"ရတယ် ဘာမှဖြစ်ဘူး ထန်းရည်လောက်ကတော့ ငါဘုရားငုတ်တိုမှာကတည်းကသောက်ဖူးတာ ဒါလေးကအပျော့ဘဲရှိသေးတယ်"

"အောင်မာ အချိုရေ ဘဲသောက်နိုင်တဲ့ကောင်ကများ"
(လောလောလတ်လတ်ရသောအရည်ကို အချိုရေတဲ့ သူကမနက်စောစောမှာဘဲရတာ၊ဟိုမှာတော့ အညာဘက်ကလို အိုးလိုက်သောက်တာနည်းပြီး တစ်ခါမှအသုံးမပြုရသေးတဲ့ ရေသန့်ဘူးထဲကိုထည့်ပြီးရောင်းတာဘဲရှိတယ်ဗျ အဲ့ဒါကတော့မမူးဘူးပေါ့နော် ။ပြောရင်းဆိုရင်းတောင်သောက်ချင်လာပြီ 😂)

"အဲ့အချိုရေကိုတောင်မင်းကသောက်ဖူးလို့လား"

ကျောကုန်းကိုထုရင်း‌ေပး‌ေနရင်း အငွေ့ကမေးလာတဲ့အခါ ၀ါဖူးက ခေါင်းကိုအသွင်သွင်ခါပြီး
"ငါကရေခြားမြေခြား မသွားချင်လို့ ။နို့မို့ရင်သွားသောက်တယ်"

*ရေခြားမြေခြား* ဘယ်ကရေခြားမြေခြားလည်း?
အော် တွံတေးတံတား ဟိုဘက်ကမ်းဒီဘက်ကမ်းကို ရေခြားမြေခြားလိုဆိုလိုတာလား

"ဟားးဟားး ဖင်ခေါင်းကလည်းကျယ်ပ။ငါလူးလေး လေဖင်ခေါင်းဆင်အောင်းလို့ရတယ် "
(🌝ကိုယ်ဘာမှမသိဘူး)

အမူးသမားနှစ်ယောက် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေတဲ့ဆက်မင်းနဲ့ကျော်ရီးက အနားကသစ်ပင်ကိုမီကာ လက်ပိုက်လျှက် ပေတေတေနဲ့ရပ်ကြည့်နေကြ၏။စကားပြောလိုက်လုပ်နေကြတဲ့ အငွေ့နဲ့ဝါဖူးမှာ တစ်ယောက်မျက်နှာတစ်ယောက် လက်ညှိုးထိုးလျှက် ရယ်နေကြတာ  တစ်ခါတစ်ခါကျတော့လည်း ဖုန်တောထဲမှာ လူးနေကြသည်။သူတို့နှစ်ယောက်ကို အ၀ေးကကြည့်နေတဲ့ လူကြီးနှစ်ယောက်အတွက်ကတော့ ဘယ်အချိန်ကတည်းက အမူးပြေသွားမှန်းမသိတော့ပါ။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now