အပိုင်း(8) Unicode

14.9K 943 59
                                    


Uni

အာရုံဦးရဲ့မနက်ငါးနာရီအချိန်လောက် မင်္ဂလာယူကြမယ့် ဆက်မင်းတို့ အိမ်အောက်ထပ်မှာတော့ စကားပြောသံတွေနဲ့ အိုးသံခွက်သံတွေကြားနေရပြီ။ဘုန်းကြီးဆွမ်းသာကပ်မည်ဆိုတာကြောင့် လူကြီးများက ဘုန်းကြီးပွဲအတွက်သာ အဓိကထားပြင်ဆင်နေကြသည်။

"လူကြီး ရေချိုးပြီးပြီလား"

"အင်း အငွေ့ရေချိုးလို့ရပြီနော်"

"ဟုတ်ကဲ့ ဟိုပေါ်မှာ အင်္ကျီတွေတင်ထားတယ်"

ရေချိုးပြီးအိမ်ပေါ်တတ်လာတဲ့ဆက်မင်းကို အငွေ့က ရေလဲပုဆိုး၀တ်ကာ အခန်း၀မှာစောင့်နေခဲ့သည်။အငွေ့ပုခုံးပေါ်သို့ သဘတ်တစ်ထည်လွှမ်းပေးလိုက်ပြီး ဆက်မင်းက အငွေ့မျက်နှာအားသေချာကြည့်လိုက်သည်။
ကြည်လင်နေတဲ့မျက်နှာကလေးနဲ့ အငွေ့မှာ ညကအိပ်ရေး၀ခဲ့တာကြောင့် လန်းလန်းရွှင်ရွှင်ကလေးဖြစ်နေသည်။

အငွေ့အခန်းထဲကထွက်ပြီးနောက် ရေစိုနေတဲ့ခန္ဓာကိုယ်အား ခြောက်သွေ့တဲ့ပုဝါနဲ့ သုတ်ကာ ကုတင်ပေါ်တင်ထားတဲ့ လည်ကတုံးလက်ရှည်အင်္ကျီကို  ၀တ်လိုက်ရင်း  ပုဆိုးပါ တစ်ခါတည်းကောက်စွပ်လိုက်သည်။

အနည်းငယ်ရှည်ချင်နေသော ဆံသားတို့ကို မျက်စိမရှုပ်စေရန် ဂျယ်လ်အကူအညီဖြင့်အပေါ်သို့ သပ်တင်ထားလိုက်သည်။ရေမွှေးအနည်းငယ်စွတ်ကာ ကုတင်အောက်က ကတ္တီပါဖိနပ်ကလေးနှစ်ရံအား ကြိုထုတ်လိုက်ပြီး ကုတင်ပေါ်ထိုင်ကာ ကောင်လေးအလာကိုစောင့်နေလိုက်သည်။

"လူကြီး ဟီးးအငွေ့ကြာသွားလား"

"သိပ်မကြာပါဘူး။လာ ကိုယ်ဒီမှာ အင်္ကျီထုတ်ပေးထားတယ်"

ခေါင်းလျှော်ထားတာကြောင့် အငွေ့ရဲ့ ဆံသားနုနုကလေးများက  နှာဖူးပြင်ပေါ်သို့ အစုလိုက်တစ်ချောင်းချင်း ကျဆင်းနေသည်။မနက်စောစောရေထချိုးထားတာကြောင့် နှာသီးကလေးများက ရဲရဲကလေးဖြစ်နေကာ နှုတ်ခမ်းသားလေးများက အနည်းငယ်တုံရီနေသည်။ မျက်နှာလေးကတော့ ကြည်ကြည်လေးပင်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now