အပိုင်း(6) Zawgyi

1K 77 0
                                    

Zawgyi

"ဆက်မင်း ခ် ခ် ဘာလည်းနင်ငါ့ကိုမြင်ပြီးငုတ်တုတ်မေ့သွားတာတော့မဟုတ်ပါဘူးနော်"

ပန်းဖြူရဲ့စကားကြောင့် ဆိုင်ထဲကလူတွေကပြုံးစိစိနဲ့ကြည့်လာကြသည်။အေးပေါ့လေ ရွာထဲကလူတွေက ငယ်ငယ်ကလေးတည်းက တစ်ပူးပူးတစ်တွဲတွဲနေလာသောသူတို့နှစ်ယောက်အား သမီးရည်းစားတွေလို့ထင်နေတာကြောင့်လည်းပါသည်။
တစ်ချိန်က ဆက်မင်းကိုအပေါင်းအသင်းများက
ပန်းဖြူနဲ့သူ့အကြောင်းမေးရင် သူ့ဘက်က ဘာမှမဟုတ်ကြောင်းဖြေရှင်းချက်ပေးပေမဲ့
ပန်းဖြူကတော့ ဟုတ်သလိုလိုပြောပြောတတ်တာကြောင့် အမြဲငြင်းနေတဲ့ ဆက်မင်းစကားကိုဘယ်သူမှမယုံကြ။

"မဟုတ်ပါဘူးဟာ နင်ကကော ရွာကိုဘယ်တုန်းကပြန်ရောက်တာလည်း"

"နှစ်လလောက်ဘဲရှိသေးတယ် ငါဒီရွာမှာဘဲအလုပ်လုပ်တော့မယ်ဟာ"

"အေးပါ ကိုယ့်ရွာကိုယ်ပြန်နေတာဘဲကောင်းပါတယ်"

"နင်ရော ဒီမှာဘဲနေတော့မှာလား"

"အေးးငါဒီရွာမှာဘဲအခြေချတော့မယ်"

"နင်....အိမ်ထောင်ပြုဖို့ရောစိတ်ကူးမရှိဘူးလား"

"ရှိတယ်"
ကိုယ်ဆီကအဖြေလည်းကြားရော ခေါင်းငုံ့ပြီး
ရှက်ပြုံးကလေးပြုံးသွားသည်။တောင်းပန်ပါတယ်
ငါပြောတာနင့်အတွက်တစ်မျိုးတစ်မြင် ထင်စေမိရင်

"ဆက်မင်းရေ ပါဆယ်ကရပြီနော် ဘာလည်းနင်
ယူဖို့စိတ်ကူးမရှိတော့ဘူးလား"

"ယူမယ် ပေး ပေး"

မုန့်ထုတ်များအားယူပြီး ပန်းဖြူကိုနှုတ်ဆက်ကာ
အိမ်သို့ပြန်ထွက်မယ်ကြံတုန်းရှိသေး
"ဆက်မင်း! ဆက်မင်း ခန ငါနင့်အိမ်ကိုလိုက်ခဲ့မယ်"

"မရဘူး ညနေကြမှလာ။ငါဝင်စရာရှိသေးတယ်"

"ဘယ်ကိုလည်း"

"သီရိတုံကိုဆက်ကြေးသွားပေးမလို့ဟေ့!"
ဆိုပြီး ဆိုင်ကယ်နဲ့အမြန်မောင်းထွက်လာခဲ့သည်။
မေကြီးခိုင်းထားလို့ ဒေါ်ကြီးသောင်းအိမ်သို့ဝင်
နှစ်လုံးဝင်ထိုးကာ ဖြတ်ပိုင်းယူပြီး အိမ်ဘက်သို့ပြန်လှည့်လာခဲ့သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now