အပိုင်း(13) Unicode

12K 805 63
                                    


Unicode

🎵"နေညိုညို....ပျို့နေညိုညို"🎵

"လိ့ကိုနေညိုညို ....ငါလိုးမမိုးစွေ"

"ဟားးးးဟားးးး"
လိုချင်တာရသွားတဲ့မိုးစွေကတော့ တဲနောက်ကမြင်နေရတဲ့နေလုံးကြီးအားကြည့်ကာ
ပုဆိုး၀တ်ရင်းသီချင်းဆိုနေသည်။ အပင်ကိုမှီနေတဲ့သံလွင်က ဘေးကတုတ်နဲ့ကောက်ပစ်ပြီးဆဲတော့
မနာနိုင်သူက တဟားးဟားးအော်ရယ်နေတယ်လေ။

"ရယ်ကြောကိုမပြတ်နိုင်ဘူးငိုး!! ဟျောင့်မိုးစွေမင်းငါ့ကိိုအိင်္ကျီလာ၀တ်ပေးစမ်း !!"

"ရင့်လှချည်လား အမောင်​​​​​​​အောက်ပြည်သားရယ်
၀တ်ပေးမှာပေါ့"

"မြန်မြန်လာလို့ မိုးချုတ်တော့မယ်"

"လာပါပြီဗျာ~လာပါပြီဗျ~လာ.ပါ.ပြီ.ဗျ"

"မရွဲ့နဲ့စမ်း မြန်မြန်၀တ်ပေးပြီးရင်အိမ်ပြန်ရမယ်"

ပုဆိုး၀တ်ပေးနေရင်းသံလွင်ပြောတော့ မိုးစွေမျက်နှာတည်သွားကာ သံလွင့်အားအော်ပြောသည်။
"ရမလား မင်းဒီပုံစံနဲ့အိမ်ပြန်တော့မတော်ရသေးတဲ့ယွခမကြီးကမင်းကိုတရားခံစစ်စစ်နေမှာပေါ့။မရဘူး ဒီတစ်ညတော့ငါနဲ့အတူလိုက်အိပ်"

"မအိပ်ဘူးကွာ မနက်ကျရင်စောစောကျောင်းသွားရမှာ"

"မနက်ဖြန်စနေလေ ကျောင်းပိတ်တာကို"

"မရဘူးအစည်းအ၀ေးရှိတယ် ....ဖယ်စမ်းပါသူ့ကိုယ်ကြီးနဲ့ဖက်ထားတာ ...ပြန်မယ်"

"ပြီးရော"
.
.
.
.
ညရှစ်နာရီလောက်ရောက်တော့

"ဟင့်~ ယောက်ျားကအငွေ့ကိုလာမခေါ်ဘူး
ရှစ်နာရီလောက်ရောက်နေပြီ။ဗြဲးးးးးဒီမှာမအိပ်ချင်ဘူး ယောက်ျားရေ အီးးးးး"

ပူကပူအညာစောင်ကြီးခြုံပြီးလက်ထဲမှာလည်း
ဇီထုတ်ကြီးနဲ့စားလည်းစား ငိုလည်းငိုနဲ့ ‌အငွေ့ဖြင့် ဘာကိုမှစားလို့တောင်မ၀င်ပါ။

"ဟင့် ဖေကြီး၀ယ်ပေးတဲ့ဇီးထုတ်လေးထုတ်လုံး ကုန်သွားပြီ"

ထိုချိန် အိမ်ရှေ့က ဂစ်တာခေါက်သံကိုကြားရတာကြောင့် အိပ်ယာပေါ်က ၀ုန်းကနဲထဆင်းပြီး စောင်တန်းလန်းနဲ့
ပြတင်းပေါက်နားကိုလျှောက်သွားလိုက်၏။အိမ်အပြင်မှာတော့ သူ့ယောက်ျားနဲ့ အစ်ကိုကြီးသုံးယောက်က ခေါင်းချင်းဆိုင်ကာ ဘာတွေပြောနေကြမှန်းမသိ။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Όπου ζουν οι ιστορίες. Ανακάλυψε τώρα