အပိုင်း(3) Unicode

17.3K 1.1K 134
                                    

Uni

တစ်ညလုံးတရေးတောင်မအိပ်ဘဲ စာရင်းတွေစစ်နေခဲ့တာတောင် နောက်ဆုံးတော့ ဆက်မင်းယူသုံးလိုက်တယ်ဆိုတဲ့ အဖြေချည်းထွက်လာသည်။ကွန်ပျူတာ မော်နီတာကိုပိတ်ပြီး မျက်လုံးနှစ်ဖက်ကိုပိတ်ကာ ထိုင်ခုံပေါ်မှီချလိုက်ချိန် ကိုယ့်အဖြစ်ကို သနားလာသလိုခံစားချက်ကြီးနဲ့ ရင်ဘက်ထဲကတစ်စို့လို့။ ငါငိုးမဘ၀ သောက်အရေးမပါတဲ့ ငါးပြားဆယ်ပြားကြောင့်နဲ့ အိပ်ရေးပျက်ရတာ။

'ငါ-ိုးမ သတောင်းစားကြီး မြိုစရာရှိတာကိုကြ သူ့နာမည်သူ့တံဆိတ်ခေါင်းနဲ့အကုန်လုံးလုပ်ပြီး
ဒင်းကအလုပ်ထွက်သွားတယ်။ငိုးမဘဲကြီး စားသမျှ -ီးဖြစ်ပါစေကွာ။ဟက် !သူကတော့ဖြောင့်မှန်သူကြီးပေါ့ -ိုး ။

ငါငိုးမဘဲကြီး။သွားရာအရပ် ရောက်ရာနေရာမှာ လမ်းလျှောက်ရင်း ဦးနှောက်သွေးကြောပြတ်ပြီးသေပါစေ ၊အိပ်နေရင်းလေဖြတ်ပါစေ၊ စားသမျှ-ျီးစိမ်းပန်းပြီးသေပါစေကွာ'။

ဆက်မင်းမှာ လူလည်းပမ်း စိတ်လည်းနွမ်း တစ်ညလုံးလည်းမအိပ်ခဲ့ရလို့ စိတ်ကမကြည်။တွေ့ရာမြင်ရာဆဲချင်နေတာဘဲသိတယ်။

'အဲယားကွန်းက ယီးဖြစ်လို့ပျက်နေတာလားဟ ၊ငါးငိုးမဘောပင်တွေ အားတိုင်းမင်ပျက်နေတယ် ဘောပဲ'

'ဟာ...ငါငိုးမ အီးပီစီ အားနေမီးပျက် ၊ ညဘက်ကျတော့ မီးသုံးတဲ့သူမရှိလို့ လာနေပြီး ယီးဖြစ်လို့တစ်မနက်လုံးပျက်ပြန်ပြီ'

ဆက်မင်းသိသလောက် တတ်သလောက် လက်လှမ်းမီရာနေရာတွေကနေ စစ်ဆေးကြည့်ပြန်တော့လည်း အဖြေကတစ်ခုတည်းပင်။ဒီမနက်တော့ ဘယ်လိုနေနေ သူဌေးဩဇာသီးကျွေးတာ ခံတော့မှာမို့ မတတ်နိုင်တော့တဲ့အဆုံး စိတ်ကြည်သွားအောင် စက်ရုံနားက ရေချိုးရုံမှာဘဲရေချိုးခဲ့ပြီး အပိုသိမ်းထားတဲ့ အ၀တ်တစ်ချို့ ထုတ်၀တ်လိုက်သည်။ဆုံလည်ကုလားထိုင်အား မှီနေရင်းက သူ့ရဲ့ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။
"၀င်ခဲ့ပါ"

ဆက်မင်းအခန်းထဲသို့ စာရေးမတစ်ယောက်၀င်လာပြီး
"ဂျာကြီး ရုံးချုပ်ကဂျာကြီးကိုလှမ်းခေါ်နေပါပြီရှင့်"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) حيث تعيش القصص. اكتشف الآن