Zawgyiအငွေ့တို့စီးတဲ့ကားလိုင်းကနေ ဆက်မင်းတို့မြို့ကို
တိုက်ရိုက်ရောက်သည်။ကားပေါ်တတ်ကတည်းက
မြို့ပြင်ကယာဉ်ရပ်နားစခန်းအထိ တောက်လျှောက်အိပ်လိုက်လာတဲ့ဆက်မင်းကတော့
ဘေးမှ ဆင်အော်ရင်တောင်နိုးမည်မထင်ပါ။
အငွေ့ကတော့ တစ်လမ်းလုံး တောင်တွေးမြောက်တွေးနဲ့ အိပ်မရဘဲရှိလေသည်။
ညဘက်ကားဆိုတော့ ဘာရှုခင်းမှလည်းကြည့်မရ
မြို့တွင်းမှာတုန်းကတော်သေးတယ်
မြို့ပြင်လည်းရောက်ရော ကားလမ်းတစ်လျှောက်လမ်းမီးတိုင်နဲ့ သစ်ပင်တွေဘဲမြင်နေရတော့
"ဟူးးးးးသရဲကားတွေကြည့်ပါများသွားပြီ"ခနအကြာအငွေ့တို့ကား ရပ်နားစခန်းမှာခနနားတော့
မှနာရီကိုကြည့်မိတာ မနက်သုံးနာရီတောင်ခွဲနေပြီ။
ဒီအချိန်က မနက်စာစားရမယ်အချိန် မဟုတ်ပေမဲ့လည်း ဘေးကလူကိုတော့နှိုးမှရမည်။ကားပေါ်မှလူတွေကတော့ အောက်သို့ဆင်းသူကဆင်း တစ်ချို့ကတော့ ကားပေါ်မှာဘဲ နေနေကြတာရှိသည်။အောက်ဆင်းမည့်လူတွေထဲမှာတော့ အငွေ့လည်းပါသည် အကြောင်းက အငွေ့ရဲ့ကိစ္စထိပ်ဝသို့ရောက်နေသောကြောင့် ဖြစ်သည်။တစ်ယောက်တည်းတော့မသွားရဲ
အဖော်ကတော့ခေါ်မှဖြစ်မည် ဒါကြောင့်"ဘဲကြီး! ဘဲကြီး"
"ဟင်!! ဘာလည်းကွာ~အိပ်ကောင်းနေတာကို"
"ဘဲကြီးရဲ့ အငွေ့ရှူးပေါက်ချင်လို့"
"ရှူးပေါက်ချင်သွားပေါက်ပေါ့ ကားရပ်ထားတာဘဲ"
"မရဘူး အငွေ့ရှူးပေါက်နေတုန်း သရဲမက တံခါးလာခေါက်ရင်ဘယ့်နယ့်လုပ်မတုန်း"
"ဒါများကွာ သရဲမဘဲလာလာ သရဲထီးဘဲလာလာ
သေးနဲ့သာငေါ့ပန်းထည့်လိုက် ပြေးရောအဲ့သရဲ""ဟင့်အင်းးဟင့်အင်းး အငွေ့ကိုလိုက်ပို့ပေးလို့....
လုပ်ပါ~ပြီးတော့အငွေ့ဗိုက်ဆာတယ်""ကဲ ဘယ်လိုမှမရတော့ဘူးဆိုတော့လည်း သွားမယ်ကွာ"
"ဟီးးဒီလိုကျတော့လည်း ခင်ဗျားကချစ်စရာကြီး"
ကောင်လေးအားသန့်စင်ခန်းလိုက်ပို့ရင်းနဲ့
ဆက်မင်းကိုယ့်မျက်နှာကို ဘယ်နားထားရမလဲကိုမသိတော့ဘူး
သေးပေါက်တဲ့ နှစ်မိနစ်လောက်မှာ ဘဲကြီးဆိုပြီး
အခါနှစ်ဆယ်လာက်အော်ခေါ်နေတော့
ကိုယ့်ဘေးကဖြတ်သွားသူတွေက ပြုံးစိစိနဲ့
ပြုံးချင်လည်းပြုံးချင်စရာဘဲလေ
အိမ်သာထဲလက်တစ်ဖက်ထည့်ထားရသေးတာကိုး။
YOU ARE READING
ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed)
Romanceသောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..