အပိုင်း(29) Unicode

7.7K 529 8
                                    


Unicode

"လျှာကျွမ်းထိုး ၂ထုတ် စီပလက်ခြောက်ဘူး"

"အေးအေး  ခနစောင့်"

ကလေးတွေရဲ့ ကျူရှင်ချိန်ကလည်း ပြီးသွားပြီမို့ ဒီညနေ သံလွင်တို့အိမ်ဘက်သွားဖို့ အငွေနဲ့ဆက်မင်းက လမ်းထိပ်မှာမုန့်၀င်၀ယ်နေတာဖြစ်သည်။ဆိုင်ရှင်အစ်မပေးတဲ့မုန့်ထုတ်တွေအား သယ်ကာ ရွာအရှေ့ပိုင်းကိုသွားတော့ ဟိုအိမ်မှာက ၀ါဖူးတို့ပါရောက်နေကြသည်။

"လာကြပြီလား"

"အေး  သံလွင်ရော "

"ဟိုမှာလေ ကလေးတွေရဲ့အိမ်စာတွေစစ်နေတာ ခနနေလာလိမ့်မယ်"

မကြာပါဘူး ကျူရှင်ကျောင်းသားလေးတွေပြန်သွားကြပြီး သံလွင်လည်း သူတို့အနားသို့ရောက်လာသည်။

"စောင့်နေကြတာလား မုန့်တွေပါလာရင် စားနှင့်တာမဟုတ်ဘူး"

သံလွင်က အိမ်နေရင်း စတစ်ကော်လာအဖြူကွက်လေးနဲ့ ဦးဂျမ်းပုဆိုးအား၀တ်ဆင်ထားပြီး  သူတို့အနားသို့ စကားပြောရင်းလာထိုင်သည်။

"ငါတို့က အတူစားဖို့ ဒီအိမ်ထိရောက်လာတာ မင်းကျန်နေလို့ဘယ်ကောင်းပါ့မလဲ"

"အေးပါကွာ  စောင့်နေပေးကြလို့ကျေးဇူးတင်ပါတယ် အခုရောဘာတွေ၀ယ်လာတာလည်း?"

စားပွဲပေါ်မှာတော့ တင်ထားတာက ဆက်မင်းတို့၀ယ်လာတဲ့ အားလူးကြော်နဲ့အချိုရည်ရယ် ကျော်ရီးတို့နှစ်ယောက်၀ယ်လာတဲ့ မုန့်လင်မယားရယ် ကီးမားရယ်ဖြစ်ပြီး သိပ်မစုံပေမဲ့ သူတို့အတွက် လူဦးရေကွက်တိနဲ့ ၀ယ်လာတာမို့  မုန့်ကို လူစေ့စားနိုင်သည်။

"အငွေ့ကဘယ်နှစ်လရှိပြီလည်း ?"

"လေးလထဲရောက်နေပြီ "

"ကြားလားသံလွင်  နောက်ကားတွေကျော်ကုန်ပြီနော် မင်းနဲ့ငါဘဲကျန်တော့တယ်"

မိုးစွေက တံတောင်နဲ့တွတ်ကာ သံလွင့်အားပြောတော့ တစ်ဖက်ကခပ်အေးအေးအပြုံးတစ်ခုသာပြန်ရသည်။

"မင်းတို့ကရော ဘယ်တော့လောက်လဲ"

"အဲ့တာငါ့ကိုမမေးနဲ့ သံလွင်ကိုမေး။ငါစိတ်တိုင်းကျဆို တစ်ခါတည်းခိုးပြေးလိုက်မှာ အခုကဆရာမကြီးကိုငဲ့နေလို့"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) حيث تعيش القصص. اكتشف الآن