အပိုင်း (1) Zawgyi

3.3K 108 0
                                    

Zawgyi

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ
ကျောက်ပြားစက်ရုံတစ်ရုံ၏အ၀င်ဂိတ်ရှေ့ အလုပ်သမားများကား ဂိုထောင်ထဲမှ
ကျောက်ပြားများအား ကားပေါ်သို့အတင်အချပြုလုပ်နေကြသည်။

"ကိုအောင်ရေ အပြားတွေသေချာနေရာချနော်,မကျကွဲစေနဲ့ဦး သေချာဂရုစိုက်"

ဆက်မင်းထွဋ်ခေါင်ဆိုတာ ဤကျောက်ပြားစက်ရုံရဲ့ အထက်လူကြီးများအမြင် မထင်မရှားသိပ်အရေးပေးမခံရသော ဂိုထောင်မန်နေဂျာတစ်ယောက်ဖြစ်သည်။အခုလည်း ဆိုက်တစ်ခုသိုပို့ရန်မှာယူထားသော ကျောက်ပြားများအား အလေအလွင့်အကျအကွဲမရှိအောင် အလုပ်သမားများနဲ့အတူ မွန်းတည်ချိန်နေပူပူကြီးထဲမှာ ငြိမ်ငြိမ်မနေရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ပါးစပ်မှာလည်းအနားမနေ
ဂရုတစိုက်ရှိဖို့ မှာနေပါသည်။

ထိုအချိန်ဂိုထောင်ဝန်းထဲသို့ ပြိုင်ကားအနီးရောင်လေးတစ်စီး အကြမ်းပတမ်းမောင်းဝင်လာသည်။ဆက်မင်းကတော့ ထိုကားအားခနလောက်သာကြည့်ပြီး မကြာခင်ဘဲသူရဲ့အလုပ်ကိုပြန်လုပ်နေသည်။စိတ်ထဲမှာတော့'ပြိုင်ကားနဲ့တောင်ဝင်လာတယ်ဆိုတော့ သူဌေးရဲ့သားများလား....?ငါသွားပြီးကြိုလိုက်ရမလား...?နေပါစေလေ ကိုယ်အလုပ်ဘဲကိုယ်လုပ်နေတာကောင်းပါတယ်။
မျက်နှာလို မျက်နှာရလုပ်တာမျိုးအား
ဆကျမငျးတို့က၀ါသနာမပါ ပိုက်ဆံမရှိလို့ ဒီအလုပ်လာလုပ်နေတာမဟုတ်ဘူး ရွာမှာရှိတဲ့ကိုယ့်အပိုင်အလုပ်တွေအားပစ်ကာ
သူငယ်ချင်းအဆွယ်ကောင်းလို့ ဒီလိုစက်ရုံမျိုးမှာလာ၍
အလုပ်လုပ်နေခြင်းဖြစ်သည်။ခနနေတော့ပြိုင်ကားပေါ်မှလူက ဆက်မင်းတို့အနားသို့လျှောက်လာသည်။
ဆက်မင်းသေချာမှာနေပါရက်နဲ့ အလုပ်သမားအသစ်ကလေးက ကားပေါ်ကကျောက်ပြားအားသေချာမချည်မိသဖြင့်
အောက်သို့ပြန်၍ပြုတ်ကျလာသည်။တိုက်တိုက်ဆိုင်ဆိုင်ပင်ထိုနေရာသို့ ပြိုင်ကားပေါ်မှလူကလျှောက်လာနေသောကြောင်

"ညီ! အပေါ်မှာကျောက်ပြားပြုတ်ကျလာပြီ"

"ဟင်?...."
အငွေ့တစ်ယောက် ဖခင်ဖြစ်သူ၏ စေခိုင်းချက်အရ
ဖခင်ရဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်တဲ့ ကျောက်ပြားစက်ရုံသို့ မလာချင်ဘဲရောက်လာခဲ့ရသည်။ကားပေါ်ကဆင်းတော့ ဖခင်စကားအတိုင်း
ဂိုထောင်မန်နေဂျာအား နှစ်ချုပ်စာရင်းစာရွက်လာတောင်းရန်အတွက် ၊
ရုံးခန်းအားမေးရန် အလုပ်လုပ်နေသူများထံလျှောက်လာနေစဉ်တွင်
ပေးလိုက်သောစာရွက်များ ကျန်ခဲ့သောကြောင့် စိတ်တိုကာဖုန်းအားဆက်တိုက်ကြည့်နေရင်းက လူတစ်ယာက်မှ ရုတ်တရက်သူ့အားဘာပြောလိုက်မှန်မသိ.....?

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now