အပိုင်း(10) Unicode

11.8K 877 47
                                    

  

Unicode

"ဆက်မင်း ငါနင်နဲ့စကားခနလောက်ပြောချင်လို့"

"ဒီမှာဘဲပြောလေ"

ဆက်မင်းက ထိုကောင်လေးရဲ့လက်ကိုကိုင်ပြီး
ပြောတော့ ပန်းဖြူစိတ်ထဲ မနာလိုမှုများတဖွားဖွား။
တစ်ကယ်ဆို အဲဒီကောင်လေးနေရာမှာရှိသင့်တာ သူပါ။အလကား အခြောက်လိုလိုဘာလိုလိုနဲ့ ကနွဲ့ကလျလိုကောင်မျိုးက ဆက်မင်းကိုဘယ်လိုချုပ်ကိုင်လိုက်လဲမသိ။

'စိတ်ချပါဆက်မင်း ငါလေ အဲ့အခြောက်ကောင်ဆီကနေ နင့်ကိုပြန်လုမယ်။
နင်လိုလူက ငါ့လိုမိန်းကလေးမျိုးနဲ့ဘဲထိုက်တန်တယ်'

"ပန်းဖြူ"

"အော်..... ဟို ဒီကမောင်လေးကိုဘဲခွင့်တောင်းပါရစေ။
အစ်မ ဆက်မင်းနဲ့ စကားပြောစရာလေးရှိလို့
ခနလောက်ခွင့််ပြုပေးပါလားဟင်"

ပန်းဖြူက အငွေ့တို့နှစ်ယောက်ကြားက
ဆွဲကိုင်ထားသောလက်နှစ်ဖက်အားကြည့်ကာ
ခွင့်တောင်းလိုက်သည်။
"ရပါတယ်...ယောက်ျားလိုက်ချင်ရင် ခနလိုက်သွားနော်။အငွေ့ ကိုကြီးသံလွင်ကို စောင့်ရင်းနေခဲ့မယ်"

အငွေ့ရဲ့စကားကြောင့် ပန်းဖြူအတော်လေးအံ့ဩသွားရသည်။

ဘာ!!ယောက်ျားတဲ့ ဟက်! အခြောက်ကောင်က
စိတ်ပျက်စရာကောင်းလိုက်ပုံများ ဒါကိုဆက်မင်းက
ကျေနပ်နေတာလား။သွားပြီ ဆက်မင်း နင်တော့ဆေးလွန်သွားပြီ ။ငါနင့်ကိုအရင်အတိုင်းပြန်ဖြစ်အောင် ကြိုးစားပါ့မယ်..

အပြင်ပန်းတိတ်ဆိတ်‌နေဆဲဖြစ်တဲ့ ပန်းဖြူက သူ့အရှေ့က ဆက်မင်းအားကြည့်ကာ ရင်ထဲကနေ ကတိတွေအထပ်ထပ်ပေးနေမိသည်။သူမရဲ့ ရင်ထဲအသည်းထဲကနေ ယောက်ျားဆိုတာ မိန်းမတစ်ယောက်နဲ့ဘဲ လက်ထပ်သင့်တယ်လို့ ထင်နေခဲ့သည်။

"ဒါဆိုရင်ခနစောင့်နော်....ငါပြီးရင်ပြန်လာမယ်။
အတူပြန်ရအောင်"

ဆက်မင်းက အငွေ့ရဲ့ပုခုံးအားပုတ်ကာ ပြောလိုက်သည်။သူက အငွေ့ရဲ့အနားမှာဘဲ နေချင်ပေးမယ့် ပန်းဖြူနဲ့ စာရင်းရှင်းစရာတွေ ကျန်နေသေး‌တယ်မလား။

.
.
.
"ဘာအကြောင်းလဲပန်းဖြူ"

လေလာရာအရပ်ကိုမျက်နှာမူလျက် တိတ်တိတ်သာနေနေသော ပန်းဖြူမှာ
ရှည်လျှားသောဆံပင်များကို အပေါ်တစ်လွှာဘဲစီးထားပြီး ဖဲသားကလစ်ကလေးအားညှပ်ထားသည်။
ဆုတောင်းကောင်းခဲ့၍
ကိုယ်လုံးကိုယ်ပေါက်လှသောသူ(မ)၏ခန္ဓာကိုယ်ပေါ်တွင် ပိုးသားပန်းရောင်လက်ရှည်အင်္ကျီနှင့် ချိတ်ထမီပန်းရောင်လေးဖြင့် ပြစ်မျိုးမှဲ့မထင် ယဥ်ယဥ်ကလေးလှနေသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now