အပိုင်း(23) Unicode

8.4K 561 10
                                    

Unicode

"၀ယ်ဖို့ခြမ်းဖို့ဘာတွေလိုသေးလဲ"

"အကုန်၀ယ်ပြီးပြီ ဆန်မှုန့်ကြိတ်ဖို့ရယ် အချဥ်ရည်ထဲထည့်ဖို့ နံနံပင်၀ယ်ဖို့ဘဲကျန်တော့တယ်"

ဒီနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာနဲ့အညီ အရင်ကအစီအစဥ်ဆွဲထားတဲ့အတိုင်း မနက်ပိုင်းဘုန်းကြီးကျောင်းမှာသီလယူကာ ညဘက်မှာဖြင့် မီးပုံပွဲနှင့်အတူ ကရင်ရိုးရာတာလပေါဟင်းချက်စားကြမှာမို့ ၀ယ်စရာတွေကများနေသည်။အရင်ကဆို ပါ၀င်တဲ့အဆာပလာတွေက အိမ်တိုင်းမှာရနိုင်ပေမဲ့ အခုကတော့ဖြင့် စျေးမှာ၀ယ်မှရမှာဖြစ်နေသည်။တစ်ချို့အရွက်တွေကတော့ ကိုယ်ခြံထဲကနေခူးခဲ့ဖို့ စီစဥ်ထားတာကြောင့် သေချာတာကတော့ ဒီနှစ်တာလပေါလင်းမှာ မျှစ်နိုင်နိုင်ထည့်ရမည်ဆိုတာပါဘဲ။

"စျေးကလည်း တစ်ရေးနိုးထလာရင်တောင်လူမပျက်ဘူး ရန်ကုန်မှာဆိုရင်တောင် လပြည့်လကွယ်စျေးပိတ်သေးတယ်။

"တူမလား ဒီလပြည့်ကကုသိုလ်လည်းရ ၀မ်းလည်း၀တဲ့လပြည့်လေ"

"ဘယ်လပြည့်နေ့က ကုသိုလ်မရ၀မ်းမ၀လို့လဲ"

"အေးနော် ဒါလည်းဟုတ်တာဘဲ"

"ဒါနဲ့ငါတို့ကိုဘာ၀ယ်ခိုင်းလိုက်တာလည်း"

စကားပြောနေရင်း ခိုင်းထားတဲ့ကိစ္စအကြောင်း ၀ါဖူးမှစကားစတော့ အမ်မယ်ကိုယ်တော်က ဘာလည်းဆိုတဲ့အကြည့်နဲ့ပြန်ကြည့်နေတာ ။လေဖုတ်ဖို့တော့ရတယ် ၀ယ်ခိုင်းတာကြမေ့ပြီး အခုတော့ဘယ်ကစလို့ ဘယ်လိုလုပ်ရမလဲ နှစ်ယောက်သား ခေါင်းချင်းဆိုင်ဆွေးနွေးနေကြသည်။

အငွေ့တို့စျေးသွားနေတုံး တစ်ဖက်ဆက်မင်းတို့မှာလည်း ဟင်းထဲထည့်ဖို့အတွက် မျှစ်ချိုများအား အနေတော်အတုံးကလေးများရအောင် ခုတ်ဖြတ်နေကြသည်။မျှစ်ဆိုတာက တာလပေါဟင်းရဲ့အသက်ဘဲမို့ လူအများစားလောက်အောင် ၀ယ်ထားတဲ့မျှစ်ထုတ်တွေမှာလည်း  ရေထည့်ထားသောဒန်ဇလားထဲတွင် ပြည့်လျှံနေသည်။

"ဆက်မင်းရေ!!!! ဆက်မင်း!!!!! အမလေးခနလောက် ဒီကိုကိုယ်ယောင်လာပြပါဦး"

မျှစ်တွေခုတ်နေရင်း အိမ်ရှေ့ကအသံတွေကြာင့် လုပ်လက်စတွေချထားခဲ့ကာ အိမ်ရှေ့ကိုထွက်သွားတော့ အရှေ့မှာဟိုသုံးယောက်ကကြိုရောက်နေကြသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now