အပိုင်း(16)Zawgyi

698 67 2
                                    

Zawgyi

"ဘာဖြစ်နေကြတာလည်း"

"ဟင်?"

"ဟင် ၀ါဖူး"

ဝါဖူးတို့ကတော့ မိန်းမယူရမှာကြောက်လို့ ခနခေါင်းရှောင်တဲ့အနေနဲ့ သူငယ်ချင်းရှိတဲ့ရွာကိုသွားရန် လိုအပ်တာတွေဝယ်ဖို့ ဗိုလ်ချုပ်ဈေးကိုထွက်လာခဲ့တာဖြစ်သည်။ဈေးနားရောက်တော့ သူငယ်ချင်းနဲ့ဖုန်းထဲမှာပြောတုန်းက လှမ်းမှာလိုက်တဲ့ အကင်ထုတ်တွေဝယ်ဖို့ ဈေးထဲရောက်လာချိန် အမေလုပ်သူရဲ့ဆိုင်ရှေ့မှာ
ပြဿနာဖြစ်နေတာကြောင့် သူဆင်းကြည့်မိသည်။
ထုိိရှေ့ကလူကိုမြင်ဘူးသလိုလိုရှိတာကြောင့်
၀န်ထမ်းတွေကိုကိစ္စအကြောင်းမေးမိတော့
သူတွေ့လိုက်တာကသူဆိုင်မှာအရင်ကအဖျော်ဆရာလုပ်တဲ့ ကိုကြီးမိုးစွေ။

"ကျေးဇူးဘဲညီရာ"

"ရပါတယ်ဗျာ အချင်းချင်းတွေဘဲ"

ဘောပင်ဘူးကိစ္စက၀ါဖူးကြားမှကူညီပေးတာကြောင့်အဆင်ပြေသွားသည်။တကယ်တော့ထိုဆိုင်က၀ါဖူးအမေဖြစ်သူရဲ့ဆိုင်မို့လိို့
၀ါဖူးကဘဲထိုအဖွားကြီးကိုညနေရောက်လို့အသစ်တွေထပ်လာရင်ဆိုင်ကနေ အိမ်တိုင်ရာရောက်လာပို့ပေးပါ့မယ်ဆိုပြီးပြောလို့
ထိုအဖွားကြီးကအင်တင်တင်နဲ့လက်ခံသွားတာဖြစ်သည်။

မိုးစွေနဲ့၀ါဖူးတို့စကားပြောနေရာမှာကျော်ရီးကတော့၀င်မပါဘဲ စားစရာရှိတာစားနေသည်။အခုဆိုင်ကလည်း၀ါဖူးရဲ့ကော်ဖီဆိုင်ကိုရောက်နေတာကြောင့် မိုးစွေလည်းသူ့အားစကားမပြောနိုင်သေး
အရင်ကလုပ်ဖော်ကိုင်ဘက်များနဲ့စကားလက်ဆုံကြနေသည်။ကျော်ရီးကတော့ရောက်ကာစကဘဲ ဟိုကြည့်ဒီကြည့်နေပြီးအခုတော့ဆိုင်မှာတင်ထားတဲ့စာအုပ်တစ်အုပ်ကိုဖတ်နေသည်။

သူ့ရှေ့ကလူကြီးကိုကြည့်ကာ၀ါဖူးမှာစကားစပြောရမလား ဒီအတိုင်းဘဲထိုင်နေရမလား  ဒီလူကြီးနဲ့ကြမှမပြောရဲမဆိုရဲဖြစ်နေသည်။စာအုပ်ထဲမှာစိတ်ရောက်နေတာမို့ တည်ညိမ်နေသောနှုတ်ခမ်းနဲ့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေသည်။ဒီလူကြီးကိုစတွေ့ကတည်းကသူ့စိတ်ထဲနည်းနည်းရှိန်နေသလိုကြီး။


ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now