အပိုင်း(32) [ final Unicode ]

16.1K 665 33
                                    

Uni

'''နှစ်နှစ်ကြာသော်'''

*အူ၀ါးးးးးး အီးးးးး အီဟီးးးး*

သားသားလေး ရောင်စင်ထွဋ်ခေါင်ကတော့ နိုးပြီဆိုတာနဲ့ တစ်ရွာလုံးကြားအောင် ပုခတ်ထဲကနေ အသံပေးနေပါပြီ။ရွာမှာနေပျော်တဲ့ကလေးက အခုလိုအချိန်ကလွဲပြီး ကျန်တဲ့အချိန်ဆို ရွာကဘယ်အိပ်ကလူဘဲလာခေါ်လာခေါ် လိုက်သွားတာမို့ ထမင်းကျွေးလည်းမပူရ အချိန်တန် ကလေးရှိတဲ့အိမ်က အစ်မတွေရဲ့ ကလေးတွေစားတဲ့ထမင်းနဲ့ဘဲ စားပြီး နေ့ခင်းအိပ်ချိန်မှ သွားခေါ်လည်းရသည်။

အငွေ့တို့မေကြီးတို့ကတော့ ယောက်ျားမရှိရင် ကလေးကိုကြုံရာဆွေမျိုးနဲ့ ထည့်ပေးပေမဲ့ သူ့အဖေအိမ်မှာရှိရင်တော့ ဘယ်သူနဲ့မှလည်းပေးမထည့်သလို ကလေးကလည်း ဖအေလုပ်သူအနားကလွဲရင် ဘယ်သူ့အနားမှမသွားပေ။

ယောက်ျားတစ်ယောက် အိမ်မှာတစ်နေ့လုံးရှိတဲ့နေ့ဆို ရောင်စင်လေးက အိပ်ယာနိုးလည်းဖေကြီးဆိုပြီး ပုဆိုးစဆွဲကာနောက်ကနေလိုက်ထကာ ထမင်းစားလည်းဖေကြီး သနပ်ခါးလူးလည်းဖေကြီး ရေချိုးလည်းဖေကြီးနဲ့ ကုန်ကုန်ပြောမယ် အိမ်သာတတ်တာတောင် အိမ်သာရှေ့မှာပုဆစ်တုတ်ကလေးထိုင်က ဖေကြီးပြီးပြီလားဆိုပြီး မိနစ်တစ်ခုခြားတစ်ခါ ခေါ်ခေါ်နေတတ်သည်။

စကားလည်းတတ်သလို မလိုရင်မလိုသလို အချေကြီးပြီး ရွာထဲက ကောင်မလေးတွေဆို မမ မမ နဲ့မုန့်ညာစားနေနဲ့လူလည်ပေါက်စလေးဖြစ်သည်။

"အဲဒီမှာ အိမ်ရှေ့ကအားတဲ့တစ်ယောက် ယောက်လောက် ကလေး၀င်ထိန်းပေးကြပါဦးဗျို့"

အငွေ့တို့မိသားစုလေးက
သားလေးမွေးပြီး ရက်တစ်ရာပြည့်သွားကတည်းက ရွာကိုပြန်လာနေခဲ့ကြသည်။ဖေကြီးနဲ့မေကြီးတို့ကလည်း အငွေ့ကလေးမွေးတဲ့နေ့မတိုင်ခင်ကတည်းက ရန်ကုန်မှာအတူလာနေခဲ့ကြတာမို့ ရန်ကုန်မှာနေခဲ့သောနေ့များမှာတော့ အငွေ့တို့အိမ်ကြီးက ကလေးငိုသံ ချော့မြူသံ လူကြီးတွေရဲ့ စနောက်သံတွေနဲ့ အသက်၀င်နေခဲ့သည်။

ရွာပြန်နေသည်ဆိုသော်ညားလည်း ယောက်ျားကတော့ ဖေဖေရဲ့အလုပ်တွေကိုအ၀ေးကနေ ကူလုပ်ပေးနေတာကြောင့် တစ်လတစ်ခါလောက် ရန်ကုန်တတ်ရသည်။အခုလည်း ယောက်ျားကမရှိတာကြောင့် ငိုနေတဲ့ကလေးကိုထိန်းဖို့ အိမ်ရှေ့ကလူတွေကို အသံဖြင့်ဆော်သြနေတာဖြစ်သည်။အိမ်ရှေ့မှာတော့ ကိုကြီးမိုးစွေရယ် ကိုကြီးသံလွင်ရယ်နဲ့ မနေ့ကမှရောက်လာတဲ့ ၀ါဖူးတို့လင်လင်တွေလည်းရှိသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now