အပိုင်း(7) Unicode

13.8K 1K 31
                                    


Uni

""ချစ်သူကိုမြင်ရခြင်း၌ မျက်စိသည်ရောင်ရဲခြင်းမရှိ""

လမ်းမပေါ်က စကားပြောသံတွေတိတ်ဆိတ်သွားပြီးနောက် စောနကအမျိုးသမီးလည်း သူမလာရာလမ်းကို
မျက်ရည်များစွာဖြင့် ပြန်လှည့်ထွက်သွားခဲ့သည်။ကိုယ့်အရှေ့မှာ ပြေးထွက်သွားတာကိုမြင်တော့
အငွေ့စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရသည်။

*ငါက သူများချစ်‌နေတဲ့လူကို လုယူမိတာလား၊ဒီနေ့အထိ ကိုယ့်စိတ်ကိုအလိုလိုက်မိပြီးတော့ လုပ်မိတဲ့လုပ်ရပ်တွေမှန်နေရဲ့လား.. ငါ့ကြောင့်ချစ်ရသူရဲ့စိတ်ထဲမှာ စိတ်မကောင်းဖြစ်စေမိပြီလား*စတဲ့အတွေးတွေက ဦးနောက်သေးသေးလေးထဲ အလုအယက်၀င်ရောက်လာတော့ ဟန်မဆောင်တတ်တဲ့မျက်နှာက ခနလေးတင်ညှိုးကြသွားသည်။

ထိုအချိန် လက်ဖ၀ါးမှ တင်းကျပ်မှုလေးတစ်ခု ခံစားလာရတာကြောင့် ခေါင်းမော့ကြည့်လိုက်တော့၊ ချစ်ရလူကြီးက အငွေ့မျက်နှာရဲ့ ပြောင်းလဲမှုများကိုသိနေသည့် အမူအရာဖြင့်စိုက်ကြည့်နေ၏။
မျက်လုံးချင်းစုံမိချိန်မှာ ထူထဲသောမျက်ခုံးတန်းများ
အနည်းငယ်စုကျုံ့သွားပေမယ့်
ချစ်ရသူကြီးက အငွေ့ကို ဂရုစိုက်ပါတယ်။

တစ်ဖက်မှာတော့ အငွေ့အပေါ်အားနာစိတ်နဲ့ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်တဲ့စိတ်တို့ ရောထွေးနေတဲ့ဆက်မင်းက နောက်ဆုံးအငွေ့အနားမှာဘဲ ရပ်ကျန်နေရစ်ခဲ့သည်။
ရှေ့ကပြေးထွက်သွားတဲ့ သူငယ်ချင်းမလေးအား သူတစ်ယောက်တည်းဆိုရင်တော့
တစ်နေရာအားခေါ်ပြီး စိတ်မကောင်းမဖြစ်စေရန် အေးအေးဆေးဆေး စကားပြောဖြစ်မှာဖြစ်ပေမဲ့ ဘေးနာမှာဆိုင်သူလေးကရှိနေတော့
ထွက်သွားသူရဲ့ကျောပြင်ကိုသာကြည့်ရင်း
အိမ်ကိုဘဲ တန်းတန်းမတ်မတ်ပြန်ရောက်ပါစေလို့
ဆုတောင်းနေရသည်။

ပန်းဖြူက တဇွတ်ထိုးဆန်သည်။သူ(မ)စိတ်နဲ့လုပ်ချင်ရာလုပ်ပြီး
မတော်လို့တစ်ခုခုများဖြစ်ရင် ဆက်မင်းအပြစ်လည်းမကင်းနိုင်ပါ။ဘေးနားရပ်နေတဲ့ အငွေ့ကိုငဲ့ကြည့်ပြန်တော့လည်း
ခေါင်းငုံ့ကာသက်ပြင်းတစ်ချချနဲ့ *ဟူးးးဒီကလေးလည်းမလွယ်ပါဘူး*

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now