အပိုင်း(17)Zawgyi

807 67 0
                                    

Zawgyi


"မင်းသိလား အဲ့ကိုကြီးက အရင်တုန်းကငါ့ဆိုင်မှာအလုပ်လုပ်ခဲ့သေးတယ်လေ"

သူငယ်ချင်းနှစ်ယောက်ကွပ်ပျစ်ပေါ်မှာနေရာအပြည့်ယူရင်း သရက်သီးသုပ်ခပ်စားလိုက် စကားပြောလိုက်နဲ့ရှိနေကြသည်။ဆက်မင်းကတော့ကိုကြီးသံလွင်တို့အိမ်သွားတာမို့ အခုဆိုအိမ်မှာသူတို့နှစ်ယောက်တည်းရှိတယ်လေ။စကားတွေကတောင်ရောက်မြောက်ရောက်နဲ့ အခုလည်း ရန်ကုန်ကကိစ္စအကြောင်းရောက်သွားတာဖြစ်သည်။

"ဘယ်သူလည်းကွ မင်းဆိုင်မှာအလုပ်သမားတွေအများကြီးဘဲရှိတာကို ငါဘယ်လုပ်ခန့်မှန်းတတ်မလဲ"

"မင်းသိပါတယ်ကွာ ကိုကြီးတာရာမိုးစွေလေ"

"အော် ဒါဆိုမင်းတို့ကရန်ကုန်မှာလည်းတွေ့ကြသေးတယ်ပေါ့"

"အေး ဒီကိုလာတော့လည်းအတူတူပြန်လာတာဘဲ
ငါ့ဘေးမှထိုင်တာက ကိုကြီးမိုးစွေရဲ့သူငယ်ချင်းလေ"

အော်ဒါဆို သူတို့ကအရင်တွေပြီးနေကြပြီကိုး

"၀ါဖူး အဲ့အစ်ကိုနှစ်ယောက်ကဒီရွာကဘဲဆိုတာကိုရောမင်းသိလား"

"ဘာ!!! ဒါဆိုသူတို့က...."

"အေးးဟုတ်တယ် သူတို့ကငါ့ယောက်ျားရဲ့သူငယ်ချင်းတွေ"

ရေစက်များလား ငါနဲ့ဟိုလူကြီးနဲ့က နှစ်ခါလောက်ဆုံပြီးသွားပြီ။တစ်ခါဆုံရင်တိုက်ဆိုင်မှု နှစ်ခါဆုံရင်ရေစက် သုံးခါဆုံရင်ဖူးစာဖက်တဲ့ အိစ့် ငါနဲ့လူကြီးနဲ့ လူကြီးနဲ့ငါနဲ့ အဲလယ်။

မိမိအားအရှေ့မှာထားကာ စွခွက်ပြောင်းနေသောသူငယ်ချင်းရဲ့ဇာတ်ပိုးအားတစ်ချက်ပုတ်ကာသတိပေးတော့ ဟိုကမကြည်ကြည့်နဲ့ကြည့်လာတယ်လေ။
.
.
.
တစ်ဖက်မှာတော့ဆက်မင်းတို့သူငယ်ချင်းတွေ ရောက်လာတဲ့ whiteboard အားအိမ်အောက်ကနံရံမှာသေချာချိတ်ကာ မင်ချောင်း မင်အိုး သေချာနေရာချကာ ကလေးတွေအတွက်စာရေးစားပွဲခုံလေးတွေပါသေချာရိုက်ပေးနေကြသည်။စာမေးပွဲကလည်းနီးလာပြီဆိုတော့ ညဘက်လေးအချိန်ပိုခေါ်ရန် ကျောင်းမှာအဆင်မပြေတာကြောင့် ခြံဝန်းကျယ်တဲ့သံလွင်တို့အိမ်ကိုသာရွေးလိုက်ကြသည်။အရင်ကဘေးပတ်လည်လွတ်နေသောနေရာတွေကို ထရံနဲ့သေချာကာကာ အောက်မှာလည်း၀ါခင်းလေးတွေခင်းထားသည်။
ခုံအတန်းရှည်လေးတွေက ငါးခုံလောက်ရှိပြီး ကလေးတွေအတွက်ကျယ်ကျယ်ဝန်းဝန်း နေလို့ရအောင်သေချာစီထားကြသည်။၀ှိုက်ဘုတ်ရဲ့ဘေးမှာတော့ သစ်သားဗီရိုလေးရှိပြီး ထိုအထဲကအပ်ါဆုံးအကန့်မှာ ကလေးတွေအတွက်အထူးထုတ်နဲ့ မေးခွန်းဟောင်းစာအုပ်တွေထည့်ထားပြီး အောက်ကကျန်တဲ့သုံးဆင့်လုံးမှာတော့ မိုးစွေတို့ဝယ်လာတဲ့စာအုပ်တွေကိုစီရရီထည့်ထားသည်။စာသင်မဲ့နေရာလေးရဲ့အပေါ်မှာတော့ လျှပ်စစ်မီးသီးလေးတစ်လုံးမီးဖိုခန်းကသွယ်ထားသည်။အများနဲ့လုပ်တော့အချိန်သိပ်မပေးရဘဲ အချိန်သုံးနာရီလောက်ယူလိုက်တော့ ခုံတွေရိုက်တာကော နေရာချတာကောပြီးသွားသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now