အပိုင်း(9) Zawgyi

945 71 0
                                    

Zawgyi


"အိမ်ရှင်တို့.....ရော်တော်ဘွန်း......မထကြသေးဘူးလား"

အချိန်က မနက်ဆယ်နာရီကိုရောက်နေပေမဲ့
အိပ်ယာထက်ကသူနှစ်ယောက်ကတော့
မထကြသေးပါ။သင်ဖြူးဖျာတစ်ချပ်ခင်းထားသော
ကုတင် ပေါ်တွင် ညားကာစပူပူနွေးနွေးလင်လင်နှစ်ယောက် ကြားလေသွေး၍မ၀င်နိုင်အောင် ပူးကပ်လျက်။အညာစောင်ကြီးတစ်ထည်က အငွေ့အပေါ်မှာတော့ လုံ"ခြုံ"လွှမ်းထားပြီး ဆက်မင်းကတော့ ပုဆိုးတစ်ထည်ကိုသာ ရင်ခေါင်းထိရောက်အောင်တင်ပြီးဝတ်ထားသည်။ကွေးကွေးလေးအိပ်နေရင်းက ဆူညံသံတွေကြောင့် ဘယ်ဘက်ကမျက်လုံးတစ်ဖက်ကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။နောက်တော့ မျက်လုံးအားထပ်မှိတ်လိုက်ပြီး စောင်ပတ်ထားလျက် ငုတ်တုတ်ထထိုင်လိုက်သည်။မျက်ခုံးနှစ်ဖက်အား အသာလေးပင့်လို့ မျက်လုံးကလေးများအား ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်လိုက်တော့မှ မြင်ရတာအဆင်ပြေသွားတော့သည်။

ခေါင်းက ကောက်ရိုးပုံခေါင်းပေါ်တင်ပေးထားသလို ၊စာကလေးငှက်သိုက်လို တွန့်ကြေရှုပ်ပွနေပြီး မျက်နှာသွယ်သွယ်ကလေးအပေါ်မှာလည်း ချေးတတ်နေသော မျက်ရည်စီးကြောင်းနှစ်ကြောင်းနဲ့ တစ်ကယ့်ကြောင်ချီးရုပ်။

ဘေးကလူကြီးကိုကြည့်တော့ ပက်လက်ကြီးတေနေတာများ။ရင်ဘက်ပေါ်ထိတင်ထားသော ပုဆိုးခါးပုံစအားလက်နှစ်ဖက်ဖြင့်ကိုင်ထားကာရင်း အိပ်ပျော်နေသည်က အပူအပင်မရှိ။

အားကျလောက်စရာ အိပ်မောကျနေသောယောက်ျားဖြစ်သူရဲ့ပုံစံကိုကြည့်ပြီး ကြောင်ပေါက်လေးတစ်ကောင်လို မျက်လုံး၀ိုင်း၀ိုင်းလေးများပျောက်သည်အထိ သန်း၀ေရင်း နဂိုအခြေအနေသို့ပြန်ရောက်သွားသည်။ပုခုံးကနေလျောကျနေသော အညာစောင်ကြီးအားပုခုံးပေါ်အထိဆွဲထင်ကာ သွယ်လျသောခြေတံရှည်သွယ်သွယ်ကလေးများကဘေးကဆန်ဆန့်ကြီးအိပ်နေသောလူပေါ်သို့ ကန့်လန့်ဖြတ်တင်လိုက်ပြီး လူကိုလည်း မမှီတမှီလှမ်းဖက်ရင်း နောက်တစ်ကြိမ်ပြန်လည် အိပ်ပျော်သွားခဲ့သည်။တစ်ညလုံးပင်ပန်းတဲ့အရှိန်ကြောင့် အိပ်မပျော်နိုင်ခဲ့တဲ့အငွေ့က အချိန်တစ်ခုအကြာ သူ့အားပြန်လည်ဖက်တွယ်လာသော ယောက်ျားဖြစ်သူရဲ့ ရင်ခွင်ကျယ်ကြီးပေါ်မှာ
မှောက်ယက်ကလေး တခူးခူးနဲ့ပြန်လည်အိပ်ပျော်သွားခဲ့သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now