အပိုင်း(16) Unicode

10.2K 770 16
                                    


Unicode

"ဘာဖြစ်နေကြတာလည်း"

"ဟင်?"

"ဟင် ၀ါဖူး"

၀ါဖူးကတော့ မိန်းမယူရမှာကြောက်လို့ ခနခေါင်းရှောင်တဲ့အနေနဲ့ သူငယ်ချင်းရှိတဲ့ရွာကိုသွားရန် လိုအပ်တာတွေ၀ယ်ဖို့ ဗိုလ်ချုပ်စျေးကိုထွက်လာခဲ့တာဖြစ်သည်။

သူငယ်ချင်းနဲ့ဖုန်းထဲမှာပြောတုန်းက လှမ်းမှာလိုက်တဲ့ အကင်ထုတ်တွေ၀ယ်ဖို့ စျေးထဲရောက်လာချိန် အမေလုပ်သူရဲ့ဆိုင်ရှေ့မှာ
ပြဿနာဖြစ်နေတာကြောင့် ဆင်းကြည့်မိသည်။
ထုိိရှေ့ကလူကိုမြင်ဘူးသလိုလိုရှိတာကြောင့်ရော ပြဿနာကိုပါသိချင်တဲ့အတွက်
၀န်ထမ်းတွေကို မေးနေချိန်
သူတွေ့လိုက်တဲ့လူက သူ့cafeမှာ အရင်ကအဖျော်ဆရာလုပ်တဲ့ ကိုကြီးမိုးစွေဖြစ်နေသည်။

"ကျေးဇူးဘဲညီရာ"

"ရပါတယ်ဗျာ အချင်းချင်းတွေဘဲ"

ဘောပင်ဘူးကိစ္စက ၀ါဖူးကြားမှကူညီပေးတာကြောင့် အဆင်ပြေသွားသည်။တကယ်တော့ ဆိုင်က ၀ါဖူးအမေဖြစ်သူရဲ့ဆိုင်ဖြစ်နေတာကြောင့်
၀ါဖူးကဘဲ ထိုအဖွားကြီးကို ညနေ ဘူးအသစ်တွေထပ်လာရင် ဆိုင်ကနေ အိမ်တိုင်ရာရောက်လာပို့ပေးပါ့မယ်ဆိုပြီး ပြောပြပေးလို့ ထိုအဖွားကြီးက အင်တင်တင်နဲ့လက်ခံသွားတာဖြစ်သည်။

မိုးစွေနဲ့၀ါဖူးတို့စကားပြောနေရာမှာ ကျော်ရီးကတော့၀င်မပါဘဲ စားစရာရှိတာစားနေသည်။ဝါဖူးဖိတ်ခေါ်လို့ ကျော်ရီးနဲ့မိုးစွေတို့နှစ်ယောက်သား ကော်ဖီဆိုင်ဘက်ရောက်နေကြတာဖြစ်သည်။ မိုးစွေလည်း ဆိုင်ရောက်တာနဲ့ ကျော်ရီးနဲ့တောင်စကားမပြောနိုင်တော့
အရင်ကလုပ်ဖော်ကိုင်ဘက်များနဲ့ စကားလက်ဆုံကြနေသည်။

ရောက်ခါစက ဆိုင်ထဲတစ်ချက်ကြည့်လိုက်သည်မှလွဲလို့ ကျော်ရီးကငြိမ်သည် ။ အခုတော့ ဆိုင်မှာတင်ထားတဲ့စာအုပ်တစ်အုပ်ကိုဖတ်နေ၍ ထိုနေရာကလုံး၀မထတော့ပါ။

သူ့ရှေ့ကလူကြီးကိုကြည့်ရင်း ၀ါဖူးမှာ စကားစပြောရမလား ဒီအတိုင်းဘဲထိုင်နေရမလား ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေသည်။ဒီလူကြီးကိုစတွေ့ကတည်းက သူ့စိတ်ထဲနည်းနည်းရှိန်နေသလိုကြီးခံစား‌ေနရသည်။ခါတိုင်းဆို ဘယ်သူနဲ့ဘဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူဖြစ်ပေမဲ့ ဒီလူကြီးနဲ့ကြမှ မပြောရဲမဆိုရဲဖြစ်နေသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now