အပိုင်း(6) Unicode

16.2K 1K 56
                                    


Uni

"ဆက်မင်း ခ် ခ် ဘာလည်းနင်ငါ့ကိုမြင်ပြီး ငုတ်တုတ်မေ့သွားတာတော့မဟုတ်ပါဘူးနော်"

ပန်းဖြူရဲ့စကားကြောင့် ဆိုင်ထဲကလူတွေကပြုံးစိစိနဲ့ကြည့်လာကြသည်။အေးပေါ့လေ ရွာထဲကလူတွေက ဆက်မင်းနဲ့ပန်းဖြူကိုဆိုရင် တိုးတိုးကြိတ်ကြိတ် သဘောတူနေကြတာ။ ငယ်ငယ်ကလေးတည်းက တစ်ပူးပူးတစ်တွဲတွဲနေလာတဲ့ သူတို့နှစ်ယောက်ကို သမီးရည်းစားတွေလို့ ထင်နေတာကြောင့်လည်း တစ်ခုအပါအ၀င်ပေါ့။

တစ်ချိန်က ဆက်မင်းကိုအပေါင်းအသင်းများက
ပန်းဖြူနဲ့သူ့အကြောင်းမေးရင် သူ့ဘက်က ဘာမှမဟုတ်ကြောင်းဖြေရှင်းချက်ပေးပေမဲ့
ပန်းဖြူကတော့ ဟုတ်သလိုလိုပြောပြောတတ်တာကြောင့် အမြဲငြင်းနေတဲ့ ဆက်မင်းစကားကိုဘယ်သူမှမယုံကြ။

"မဟုတ်ပါဘူးဟာ နင်ကကော ရွာကိုဘယ်တုန်းကပြန်ရောက်တာလည်း"

"နှစ်လလောက်ဘဲရှိသေးတယ် ငါဒီရွာမှာဘဲအလုပ်လုပ်တော့မယ်ဟာ"

"အေးပါ ကိုယ့်ရွာကိုယ်ပြန်နေတာဘဲကောင်းပါတယ်"

"နင်ရော ဒီမှာဘဲနေတော့မှာလား"

"အေး ငါဒီရွာမှာဘဲအခြေချတော့မယ်"

"နင်....အိမ်ထောင်ပြုဖို့ရောစိတ်ကူးမရှိဘူးလား"

"ရှိတယ်"
ကိုယ်ဆီကအဖြေလည်းကြားရော ခေါင်းငုံ့ပြီး
ရှက်ပြုံးကလေးပြုံးသွားသည်။တောင်းပန်ပါတယ်
အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ငါဘက်က မပွင့်မလင်းတွေလုပ်ခဲ့လို့ နင့်အပေါ်မှာ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ပေးနေသလိုဖြစ်သွားရတယ်။

"ဆက်မင်းရေ ပါဆယ်ကရပြီနော် ဘာလည်းနင်
ယူဖို့စိတ်ကူးမရှိတော့ဘူးလား"

"ယူမယ် ပေး ပေး"

နေရိပ်ထဲရပ်နေရပေမယ့် ရင်ထဲမှာတော့ ပူလောင်နေပြီး အမှန်တိုင်းပြောရရင် ဆက်မင်းက ပန်းဖြူနဲ့သိပ်ပြီး ရောရောနှောနှောမနေချင်တော့။ဆိုင်ထဲကနေ ပြေးထွက်လာချင်တဲ့စိတ်က တားမရပေမယ့် အငွေ့အတွက် မုန့်လက်ဆောင်း၀ယ်ပေးဖို့ကလည်းရှိသေးသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now