အပိုင်း(15) Unicode

11.1K 714 23
                                    


Unicode

ဘုန်းကြီးကျောင်း၀န်းရဲ့ နေရာအတော်အသင့်ကျယ်တဲ့ မြေကွက်ကြီးအလယ်မှာ အငြိမ့်စင်ဆောက်ထားသည်။မုန့်ပဲသရေစာများနဲ့ လွတ်ရာနေရာ၀င်ထိုင်သူကထိုင် တစ်ချို့ကလည်း ခရေပင်တွေရှိရာ အရိပ်ကောင်းတဲ့နေရာမှာ နေရာယူနှင့်ကြပြီ။

ညဘက်မှအငြိမ့်၀င်ပေမဲ့လည်း ရွာရဲ့ပျော်ပွဲရွှင်ပွဲလေးလည်းရှိတာကြောင့် မုန့်ဆိုင်ခန်းတွေက ကျောင်းအုတ်တံတိုင်းဘက်မှာ စီရရီနဲ့။သေချာဆောက်ထားသော အငြိမ့်စင်ကြီးရဲ့ ဟိုဘက်ဒီဘက်မှာ လေးနှစ်သားအရွယ်အရပ်လောက်မြင့်သော ဆောင်းဘောက်ကြီးနှစ်လုံးကိုလည်း စင်‌ေဘးနှစ်ဖက်မှာ အပြိုင်ဆင်ထားသည်။စင်အရှေ့မှာ တိတ်ဆိတ်နေသလောက်
စင်နောက်ဘက်မှာ စကားနဘမ်းပွဲဖြစ်နေသည်။

"ငါ အဲဒီပျော့စိပျော့စိကြီးတွေ မထည့်ချင်ပါဘူးကွာ"

မင်းသမီးနေရာက ကရမဲ့မိုးစွေက ဒီနေ့မှသာ အစအဆုံးပြင်ဆင်ရတာကြောင့် မနေ့ကမထည့်ခဲ့ရသော ပျော့စိပျော့စိကြီးကို ရင်ဘက်ထဲထည့်ရန်ငြင်းဆန်နေသည်။

"ဒါကတော့ထည့်မှဖြစ်မှာပေါ့ကွ မင်းသမီးနေရာကမဲ့သူက ရင်သားမှာ ဒါထည့်မှပိုပြီးပြည့်စုံတာ။နို့မို့ရင် ဘယ်ကြည့်ကောင်းပါတော့မလဲ"

လက်ထဲမှဖော့တုံးရင်သားတုများအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ သံလွင်က အနားကိုလျှောက်လာရင်းပြောသည်။

"မရဘူးနော်လုံး၀လုံး၀ဘဲ ကမဲ့သူကယောက်ျားလေးမှန်း တစ်ရွာလုံးသိတယ်
ဒါကြီးမတတ်ထားလည်း ဘယ်သူမှမပြောဘူး"

လက်နှစ်ဖက်အား ကြက်ခြေခတ်ပုံစံဖြင့် ရင်ဘက်ကိုကာထားကာ တစ်ဖြေးဖြေးနဲ့နောက်ရွှေ့သွားတဲ့မိုးစွေကိုကြည့်ပြီးသံလွင်အကြံအိုက်နေသည်။
မိတ်ကပ်ပြင်ပေးတဲ့မာမီတွေကလည်း မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ လက်လျှော့ကာ ပစ္စည်းတွေပြန်သိမ်းနေသည်။လွန်ခဲ့တဲ့တစ်နာရီကတည်းကဖြစ်နေတဲ့ပြဿနာမို့ မသိချင်ယောင်ဆောင်ကာ တစ်ခြားသူများအား ပြင်ပေးဖို့ တစ်ဖက်ကိုထွက်သွားကြသည်။

"ကဲ အဲ့ဒီရင်ဘက်ထဲထည့်မရလည်း ကျမတို့ကတော့မစောင့်တော့ဘူး။ဒီမှာရင်စီး အကယ်၍၀တ်မယ်ဆိုရင်လည်း ဒါလေးအရင်ခံ၀တ် မတော်ကလို့ကောင်းနေတုန်း မန်းမြို့တော်ပေါက်စီနှစ်လုံးပြုတ်ကျနေဦးမယ်"
.
.
.
"မင်း၀တ်မှာလားမ၀တ်ဘူးလား"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Donde viven las historias. Descúbrelo ahora