အပိုင်း(17) Unicode

10.9K 791 25
                                    


Unicode

"မင်းသိလား အဲ့ကိုကြီးက အရင်တုန်းကငါ့ဆိုင်မှာအလုပ်လုပ်ခဲ့သေးတယ်လေ"

နေ့ခင်းနေ့လည်မှာတော့ သူငယ်ချင်းနှစ်ယောက် ကွပ်ပျစ်ပေါ်မှာ နေရာအပြည့်ယူရင်း သရက်သီးသုပ်ခပ်စားလိုက် စကားပြောလိုက်နဲ့ရှိနေကြသည်။ဆက်မင်းကတော့ ကိုကြီးသံလွင်တို့အိမ်သွားတာမို့ အခုဆိုအိမ်မှာ သူတို့နှစ်ယောက်တည်းရှိတယ်လေ။စကားတွေက တောင်ရောက်မြောက်ရောက်နဲ့ဖြစ်နေခဲ့ပြီး အခုလည်း ရန်ကုန်ကကိစ္စအကြောင်း ရောက်သွားတာဖြစ်သည်။

"ဘယ်သူလည်း မင်းဆိုင်မှာ အလုပ်သမားတွေအများကြီးဘဲရှိတာကို ငါဘယ်လုပ်ခန့်မှန်းတတ်မလဲ"

"မင်းသိပါတယ်ကွာ ကိုကြီးတာရာမိုးစွေလေ"

"အော် ဒါဆိုမင်းတို့က ရန်ကုန်မှာလည်းတွေ့ကြသေးတယ်ပေါ့"

"အေး ဒီကိုလာတော့လည်းအတူတူပြန်လာတာဘဲ
ငါ့ဘေးမှထိုင်တာက ကိုကြီးမိုးစွေရဲ့သူငယ်ချင်းလေ"

ဝါဖူးအားပြုံးပြုံးကြီးစိုက်ကြည့်နေရင်း အငွေ့စိတ်ထဲကနေ သူမိတ်ဆက်ပေးစရာတောင်မလိုအောင် ဝါဖူးတို့က ယောက်ျားသူငယ်ချင်းတွေနဲ့ အရင်တွေပြီးနေကြပြီကိုးလို့ ပြောနေမိ၏။

"၀ါဖူး အဲ့အစ်ကိုနှစ်ယောက်က ဒီရွာကဘဲဆိုတာကိုရော မင်းသိလား"

"ဘာ!!! ဒါဆိုသူတို့က...."

"အေးးဟုတ်တယ် သူတို့က ငါ့ယောက်ျားရဲ့သူငယ်ချင်းတွေ"

မျက်လုံးလေးမှိန်တုတ်မှိတ်တုတ်လုပ်ရင်း ဝါဖူးအတွေးထဲ၌ 'ရေစက်များလား ငါနဲ့ဟိုလူကြီးနဲ့က နှစ်ခါလောက်ဆုံပြီးသွားပြီ။တစ်ခါဆုံရင်တိုက်ဆိုင်မှု နှစ်ခါဆုံရင်ရေစက် သုံးခါဆုံရင်ဖူးစာဖက်တဲ့ အိစ့် ငါနဲ့လူကြီးနဲ့ လူကြီးနဲ့ငါနဲ့ အဲလယ်'

ရုတ်တရက်အသံတိတ်သွားပေမယ့် အငွေ့မှာတော့
မိမိအားအရှေ့မှာထားကာ စွခွက်ပြောင်းနေသော သူငယ်ချင်းရဲ့ဇာတ်ပိုးအားတစ်ချက်ပုတ်ကာသတိပေးတော့ ဝါဖူးဆီကမကြည်ကြည့်နဲ့ စိုက်ကြည့်လာတာကို ခံလိုက်ရတယ်‌။
.
.
.
တစ်ဖက်မှာတော့ ဆက်မင်းတို့သူငယ်ချင်းတစ်စု သံလွင်တို့အိမ်ကိုရောက်လာတဲ့ whiteboard  အား အိမ်အောက်ကနံရံမှာသေချာချိတ်ကာ မင်ချောင်း မင်အိုး သေချာနေရာချလျှက် ကလေးတွေအတွက် စာရေးစားပွဲခုံလေးတွေပါ တစ်ခါတည်း သေချာရိုက်ပေးနေကြသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Tahanan ng mga kuwento. Tumuklas ngayon