အပိုင်း(14) Unicode

11.4K 816 13
                                    


Unicode

ဒီမနက်ပိုင်းမှာအားလုံးက မိသားစုအတွက် ကိုယ်စီကိုယ်ဌ အလုပ်တာ၀န်များလုပ်နေရတာကြောင့် အခုဆိုရင်
ပဲခင်း ခရမ်းချဥ်သီးစိုက်ခင်းနဲ့ စပါးခင်းတွေမှာသာရှိနေသည်။ဒါပေမဲ့ အကတိုက်မယ့်လူများကတော့ ဘုန်းကြီးကျောင်း၀န်းထဲမှာ
ပြင်ဆင်စရာရှိတာပြင်ဆင်နေကြသည်။

"ယောက်ျားရေမပြီးသေးဘူးလား။ဒီမှာအငွေ့အကတိုက်တာကြည့်ချင်လို့ပါဆို ပြီးကိုမပြီးဘူး"

"ပြီးပါပြီဗျာ ထမင်းအိုးဌဲ့နေလို့ပါဆို"
အငွေ့အသံကြောင့် အလုပ်လက်စသက်ကာ ထွက်လာတဲ့ဆက်မင်းက အိမ်ရှေ့မှာမျက်နှာလေးစူပုတ်နေဆဲ
အငွေ့အား ပါးလေးအားဆွဲလိုက်တော့
မျက်စောင်းမမြည်တဲ့မျက်စောင်းလေးနဲ့ပြန်ပြီးတုန့်ပြန်တယ်လေ။နှစ်ယောက်သားခံစားချက်တွေကို အချင်းချင်း၀န်ခံထားပြီးနောက်ပိုင်း အငွေ့ကပိုချွဲလာသည်။

"လာပါဆို ဟိုမှာကိုကြီးမိုးစွေတို့အကတိုက်ရင် လွတ်သွားမှာဆိုးလို့"

ဆက်မင်းမှာ တံခါးတောင်သေချာမစိနိုင် အတင်းဆွဲခေါ်နေတဲ့ကောင်လေးကြောင့် ခပ်မြန်မြန်ဘဲ တံခါးကိုဖြစ်သလိုပိတ်ကာ ထွက်လာခဲ့ရသည်။

"အငွေ့ရယ် မနေ့တုန်းကလည်း တစ်နေ့လုံးသွားကြည့်ပြီးပြီလေ။ပြီးတော့ဒီအကဘဲဟာကို ဘာမှလည်းပြောင်းလဲသွားတာမရှိဘဲ"

"မရပါဘူး ဟိုမှာအလှူထမင်းဟင်းချက်ဖို့ ၀ိုင်းကူရဦးမယ်လေ"

"အငွေ့မကူလည်းရပါတယ်ကွာ။ပြီးတော့အငွေ့ကိုကိုယ်က အဲ့ဒီမိန်းမကြမ်းကြီးတွေကြား မသွားစေချင်ဘူး"

"ယောက်ျားကလည်း ယောက်ျားမကြိုက်ရင် အငွေ့နားမှာလာထိုင်နေပြီး အငွေ့ကြက်သွန်ခွာရင်လိုက်ခွာပေးပေါ့ အာ့ဆိုလည်းဖြစ်တာလဲဟာကို"
လျှောက်နေရာကရပ်လို့ ဆက်မင်းလက်ကိုဆွဲရမ်းကာပြောနေသူကြောင့်

"အင်းပါ ကိုယ်၀ိုင်းကူပါ့မယ် အငွေ့သာ ဘာမှမလုပ်ဘဲ ကိုယ့်ကိုဘဲထိုင်ကြည့်
ကြက်သွန်ငါးပိဿာလောက် မျက်ရည်မကျဘဲခွာပြမယ်"

ဆင်မင်းပြောတော့ မျက်ခုံးနှစ်ဖက်ပင့်သွားတဲ့အငွေ့က
"အဲလယ် အငွေ့ယောက်ျားကဆရာကြီးပေါ့
ကယ်ပြောပါဦး ဘယ်လိုခွာမှာလည်း
နောက်ကြမှ ကြက်သွန်ဆယ်လုံးနဲ့တင် မျက်ရည်၀ဲပြီး
ကြက်သွန်နီကြောင့်ကျတဲ့မျက်ရည်ရုပ်ရှင်ရိုက်နေဦးမယ် ခစ် ခစ်"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now