အပိုင်း(28) Unicode

8.1K 589 10
                                    

Unicode

လှုပ်ရှားသွားလာနေတဲ့ ပတ်၀န်းကျင်ကြီးနဲ့ ဆန့်ကျင်စွာ ရေနံဆီ၀အောင်သုပ်ထားတဲ့ နှစ်ထပ်အိမ်ကြီးရဲ့အောက်က ဧည့်ခန်းထဲမှာတော့ လေစိမ်းတွေတိုက်နေပြီ ပတ်၀န်းကျင်ဟာလည်း စစ်ပြီးခတ်ကာလလို ခြောက်သွေ့တိတ်ဆိတ်နေသည်။

တိတ်ဆိတ်နေသောစကား၀ိုင်းရဲ့ ထိပ်ဆုံးမှာတော့ အိမ်ဦးနတ်ဖြစ်သော်လည်း တစ်ရွာလုံးရဲ့မယက အဖွဲ့ခေါင်းဆောင် ချစ်လှစွာသောအဖေက ရေနွေးကြမ်းသောက်နေသည်။

*ဘုန်း!!!! *

"ကိုခန်ဦးကျော်စွာမြင့်မောင်!!!!"

သောက်လက်စရေနွေးခွက်လေးအား အသာချကာ ဒေါသကုမ္ဘာရ အမျိုးသမီးအား "ဟေ"ဆိုပြီးလေပြေအေးဖြင့််ပြန်လည်ထူးလာသည်။

"ဘာရှင့် 'ဟေ' ဟုတ်လား? အခုလိုအချိန်မှာ ရှင်ကအေးအေးဆေးဆေး ရေနွေးကြမ်းသောက်နိုင်သေးတယ် ဟုတ်စ"

"အော်မိန်းမရယ် ကိုယ်က ရေနွေးကြမ်းမသောက်လို့ ကောက်ညှင်းပေါင်းစားရမှာလား"

ဖအေလုပ်သူရဲ့ အပေါက်အလမ်းမတည့်သော အဖြေကြောင့် နဂိုကကြောက်၍ငြိမ်နေကြသော ကျော်ရီးတို့နှစ်ယောက် တိတ်တိတ်ကလေး ခွီးလိုက်ရသေးသည်။

"ရှင့််ကို ကောက်ညှင်းပေါင်းအကြောင်းပြောနေတာမဟုတ်ဘူး ရှင့်သား ယောက်ျားခိုးလာတဲ့အကြောင်းပြောနေတာ တကတည်းမှဘဲ ပိန်းဥနဲ့လာတိုးနေတယ်"

"မိန်းမကလည်းကွာ ကိုယ််ကိုဆိုပြောချင်ဆိုချင်နေတော့တာဘဲ ။အခုလည်းကိုယ်က ဒီကိစ္စကိုဘယ်လို ဖြေရှင်းရမလဲတွေးနေတာလေ"

"ပြောစမ်းပါဦး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျွန်မရှင့်ရဲ့ မဟုတ်သုတ်ခ အဖြေတွေကြားချင်လို့"

ပြောပြီး တစ်ဖက်ကထိုင်ခုံပေါ်မှာထိုင်နေတဲ့ ကျော်ရီးတို့နှစ်ယောက်ကို တစ်ချက်ကြည့်လာသည်။

"ကိုကတော့ ကလေးတွေကို စိတ်ချမ်းသာစေချင်တယ် ။ဒါကြောင့် သူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့ ကိုခွင့်ပြုတယ်"

အဖေဆီမှ ခွင့်ပြုတယ်လည်းဆိုတော့ ကျော်ရီးတစ်ယာက် အရှေ့မှာထိုင်နေသောဖအေလုပ်သူကို ထဖတ်လာသည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now