အပိုင်း(3) Zawgyi

1.1K 79 2
                                    

Zawgyi

တစ်ညလုံးတရေးတောင်မအိပ်ဘဲ စာရင်းတွေစစ်နေခဲ့တာတောင် နောက်ဆုံးထွက်လာတဲ့အဖြေက ဆက်မင်းယူသုံးလိုက်တယ်ဆိုတဲ့အဖြေချည်းထွက်လာသည်။ ငါငိုးမဘ၀ သောက်အရေးမပါတဲ့ ငါးပြားဆယ်ပြားကြောင့်နဲ့ အိပ်ရေးပျက်ရတာ။'ငါ-ိုးမ သတောင်းစားကြီး မြိုစရာရှိတာကိုကြ သူ့နာမည်သူ့တံဆိတ်ခေါင်းနဲ့အကုန်လုံးလုပ်ပြီး
ဒင်းကအလုပ်ထွက်သွားတယ်။ငိုးမဘဲကြီး စားသမျှ -ီးဖြစ်ပါစေကွာ။ဟက် !သူကတော့ဖြောင့်မှန်သူကြီးပေါ့ -ိုး ။ငါငိုးမဘဲကြီး။သွားရာအရပ်ရောက်ရာနေရာမှာလမ်းလျှောက်ရင်းဦးနှောက်သွေးကြောပြတ်ပြီးသေပါစေ ၊အိပ်နေရင်းလေဖြတ်ပါစေ၊ စားသမျှ-ျီးစိမ်းပန်းပြီးသေပါစေကွာ'ယီးဘဲ ယီး...ယီး။

လူလည်းပမ်း စိတ်လည်းနွမ်း တစ်ညလုံးလည်းမအိပ်ခဲ့ရလို့ စိတ်ကမကြည်။တွေ့ရာမြင်ရာဆဲချင်နေတာဘဲသိတယ်။ငိုးမအဲယားကွန်း ယီးဖြစ်လို့ပျက်နေတာ ၊ငါးငိုးမဘောပင်တွေ အားတိုင်းမှင်ပျက်နေတာ ဘောပဲ။ဟာ...ငါငိုးမ အီးပီစီ အားနေမီးပျက် ၊ ညဘက်ကျတော့ မီးသုံးတဲ့သူမရှိလို့ လာနေပြီး ယီးဖြစ်လို့တစ်မနက်လုံးပျက်နေတာ ငိုးပဲ။သက်သေတစ်ခုမှမရဘဲ မိုးလင်းသွားပြီမို့ စိတ်ဓာတ်တွေက ဂျိုးဖြူပိုက်တွေအဆုံးထိကျနေတာ။

မတတ်နိုင်တော့တဲ့အဆုံး စိတ်ကြည့်သွားအောင် စက်ရုံနားက ရေချိုးရုံမှာဘဲရေချိုးခဲ့ပြီး အပိုသိမ်းထားတဲ့ အ၀တ်တစ်ချို့ ထုတ်ဝတ်လိုက်သည်။ဆုံလည်ကုလားထိုင်အား မှိနေရင်းက သူ့ရဲ့ရုံးခန်းတံခါးခေါက်သံကိုကြားလိုက်ရတယ်။
"၀င်ခဲ့ပါ"

ဆက်မင်းအခန်းထဲသို့ စာရေးမတစ်ယောက်ဝင်လာပြီး
"ဂျာကြီး ရုံးချုပ်ကဂျာကြီးကိုလှမ်ခေါ်နေပါပြီရှင့်"

"ဟင်..!"
ဟူးးးမတတ်နိုင်ဘူးလေ ငါမှမဖြေရှင်းနိုင်တာ ရာထူးချလည်းခံရမှာဘဲ...

မတတ်သာနိုင်တော့တဲ့အခြေအနေမို့ ဖြစ်သမျှအကြောင်အကောင်းဘဲဆိုပြီး
စီးတော်ယာဉ်ဆိုင်ကယ်ဖြင့် ရုံးချုပ်သို့......

ရုံချုပ်ရောက်တော့ ၀င်ပေါက်ကနေစလို့ စ၀င်လာကတည်း အထဲအထိ ကပ်ပါလာတဲ့မျက်လုံးပေါင်းများစွာ။အေးလေ ကိုယ်ကလည်းစွတ်ချောနေတော့ ငမ်းကြပါစေ။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now