သူက ကြားမှ ဖြတ်ပြောလိုက်သည်။
(T/N- အရှေ့တိုင်းဆေးဆိုတာ အနောက်တိုင်းဆေးလို ဆေးပြားတွေ မဟုတ်ဘူး၊ ဆေးပင်တွေနဲ့ သဘာဝပစ္စည်းတွေပါ။ ဆေးညွှန်းထဲမှာ ပြောထားတဲ့ ပါဝင်ပစ္စည်း ဆေးအမယ်တွေကို ကိုယ့်အိမ်ကို ယူသွားပြီး ကျိုချက်ရမှာပါ။)
"ခင်ဗျား ဘာကိုဆိုလိုတာလဲ။"
ချောင်ဝေ့မင် နားမလည်နိုင်တော့ပေ။
ကျင်းယွင်ကျောင်းက အိမ်မှာပဲ တစ်နေကုန် တစ်နေခန်း နေ နေတဲ့ ဘာမှမဟုတ်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ၊ ငါတို့က သူ့ရဲ့ဆေးညွှန်းကို သုံးလို့ရတယ်ဟုတ်လား။ ဒါ ဘယ်လိုဟာသမျိုးလဲ။
"အဓိပ္ပာယ်က ရိုးရိုးလေးပါ။ လူနာကို ကယ်တင်နိုင်တယ်။ ခင်ဗျားတို့ ဒီဆေးညွှန်းအတိုင်း လိုက်နာပြီး လုပ်ကြည့်ရင် သူ အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်။"
သမားတော်ကန်က ဆက်ရှင်းပြ၏။
ချောင်ဝေ့မင်က မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။
ခဏမျှကြာသောအခါ သူက ပါးစပ်ဟပြီး ပြောလာ၏။
"ဒီဆေးညွှန်းက ကျင်းယွင်ကျောင်းရဲ့ဟာ မဟုတ်လား။"
"ဟုတ်ပါတယ်။"
သမားတော်ကန်က မငြင်းပေ။
"ဒါဆို ကျုပ် ဒါကို သုံးခွင့်မပြုနိုင်ဘူး။"
ချောင်ဝေ့မင်က အေးစက်စက် ပြောလိုက်သည်။
"ခင်ဗျားတို့ဆရာဝန်တွေက ကျုပ်ဇနီးကို မကယ်နိုင်တော့ဘူးလို့ ပြောခဲ့တယ် ။ ကျုပ်တို့က သူထွက်သွားဖို့အတွက် ပြင်ဆင်ပြီးခါကျပြန်တော့လည်း ခင်ဗျားတို့က ဒီစောက်ရေးမပါတဲ့ ဆေးညွှန်းတွေနဲ့ ကုဖို့ ဆုံးဖြတ်ကြပြန်တယ်။ ပြီးတော့ အဲဒါက ကျုပ်သမီးရဲ့ဆေးညွှန်း၊ ခင်ဗျားတို့ များသွားပြီလေ၊ ဒီလိုသာဆိုရင် အစကတည်းက ကျုပ်သမီးကို ကုခွင့်ပြုခဲ့သင့်တာ မဟုတ်ဘူးလား။ အဲဒီအပြင်ကို သူက ခုထိ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်သာသာပဲ။ တကယ်လို့ သူ့ဆေးညွှန်းက မှားသွားခဲ့ရင် ခင်ဗျားတို့ကောင်တွေ တာဝန်ယူမှာလား။"
Chapter 13
Start from the beginning