BaiXu (16) ငါ့ကိုလည်းခေါ်သွား...

1.7K 187 16
                                    

12.10.2023(Edited)
((Unicode))

XuChun ဆေးရုံမှာ ရှိနေတုန်း သူ့အမေ ဆီကဖုန်းဝင်လာခဲ့သည်..

"ဒီကောင်လေး!! မား သာ ဒီနေ့ နဖူးတွေ့ ဒူးတွေ့ မတွေ့ခဲ့ရင် ကိုယ့်အမေကို ဘယ်အချိန်ထိ ဝှက်ထားအူးမလို့လဲ??"
XuChun အမေ က ပါးစပ်ကသာ ဆူနေသလိုမျိုး ပြောနေပေမဲ့ သူမ ရဲ့ ဝမ်းသာ နေတဲ့ အသံကြီးက တကယ့်တကယ် တော့ ဖုံးမရဖိမရ...

ဒီနေ့အိမ်ကို အမေ ရောက်ချလာလိမ့်မယ်လို့ XuChun လည်း တကယ် မထင်ထားခဲ့မိဖူး...
XuChun ဖက်က ဘာပြန်ပြောရမှန်း မသိခင်မှာပဲ အမေ က ဆက်ကာ -
"စိတ်မပူနေနဲ့.. ဒီအမေက ကလေးကို ကြောက်အောင် ဘာမှ မပြောခဲ့ဖူး... သားကောင်လေး က ချစ်စရာကောင်းပြီး ရှက်ကရှက် တတ်သေး"

XuChun : ....
BaiYue နဲ့ ရှက်တတ်တယ် ဆိုတဲ့ စကားလုံးကို ဘယ်လိုမှ ဆက်စပ်မြင်ကြည့်လို့ မရတာတော့အမှန်..

XuChun သူ့မား နှင့် ဖုန်းပြောပြီးသည်နှင့် BaiYue ဆီကို ချက်ချင်း ဖုန်းလှမ်းဆက်လိုက်သည်...
"ကိူယ့်အမေ နေ့လည်က အိမ်လာသွားတယ် ပြောတယ်... ဘာတွေ ပြောဖြစ်ကြလဲ??"

BaiYue က ဧည့်ခန်းဆိုဖာပေါ်မှာ အရိုးမရှိတော့သော သတ္တဝါ လို ပျင်းတိပျင်းရွဲ့ ပျော့တီးပျော့ဖတ် ထိုင်နေပြီး အသံကိုလည်း မြူဆွယ်နေသလို အိပဲ့အိပဲ့ လုပ်ကာ -
"ဘာမှ သိပ်ပြီးမပြောဖြစ်ကြပါဖူး... အန်တီက ငါ့ အပေါ် အတော်လေး ဂရုစိုက် ပေးလွန်းလို့ အိမ်ထောင်စုစာရင်းထဲတောင် ချက်ချင်းဝင်ချင်တော့တာပဲ"

XuChun ဖုန်းကိုနားထောင်နေရင်း သူကိုယ်တိုင်တောင် သတိမထားမိပဲ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေမိပါ၏...
"ကိုယ့်အမေက ကိုယ့်ကို ရည်းစား ၊ အိမ်ထောင်ဖက် ရှာတွေ့စေချင်နေခဲ့တာ ကြာခဲ့ပီ... အခုလို တွေ့လိုက်ရတော့ သူမ အတော် စိတ်လှုပ်ရှားနေတာလေ... မင်း စိတ်အနှောင့်အယှက် မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်"

BaiYue က 'အွန်း' ဟု အသံရှည် ဆွဲပြီး -
"Dr. Xu က ညနေ ဘယ်အချိန်မှ ပြန်လာမှာလဲ??"

"အမြန်ဆုံး ပြန်လာခဲ့မယ်"

တစ်ခွန်းနှစ်ခွန်း ထပ်ပြောဖြစ်ကြပြီး ဖုန်းချလိုက်ကြတယ်...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now