BaiXu (03) ဇာတ်လမ်းတော့စပြီ...

1.4K 143 4
                                    

9.10.2023(Edited)
((Unicode))

"BaiYue... နင် ဘယ်အချိန်ထိ အိမ်ပြန်မလာပဲ နေ နေမှာလဲ!! နောက်အပတ်ထဲမှာ နင့်အဖေ မွေးနေ့ ရှိတယ်လေ!!"

BaiYue သူ့အပေါင်းအဖော်တွေနဲ့ ဘား vip အခန်းထဲသောက်စားနေချိန် ဝင်လာတဲ့ဖုန်းကို သူ လုံးဝ မကိုင်ချင်ခဲ့ဖူး... တဖက်ကခေါ်ဆိုသူဟာ သူ့ရဲ့ အမည်ခံ အမေ - ဖန်ကျဲချုန် ...
"အရိုင်းအစိုင်းလေး...အခုလည်း နင် ဘားတွေ ကလပ်တွေမှာ ပျော်နေတုန်းမလား?!!! နင်မမေ့ထားနဲ့! ငါသာ နင့်ကို နင့်ရဲ့ ေ-ာက်သုံးမကျတဲ့ အမေဆီကနေ မခေါ်ခဲ့ဖူးဆိုရင် ဒီနေ့ နင် ဆိုတာမျိုး ဖြစ်လာနိုင်မလား? ဟမ်?"

BaiYue က တရားမဝင်သားတစ်ယောက်ဖြစ်ပြီး သူဆယ်ကျော်သက်အရွယ်လောက်ရောက်မှ ဖန်ကျဲချုန် က Bai အိမ်တော် ကို ခေါ်လာခဲ့ပြီး ပြုစုပျိုးထောင်ခဲ့တာ...
ပြောရမယ်ဆိုရင် - အပေါစားငါးကြင်းတစ်ကောင် နဂါးပြည်ဂိတ်ပေါက်ရောက်ခဲ့သလို... ကြက်မဲတစ်ကောင်ထပျံပီး ရုတ်ချည်း ဇာမဏီငှက် ဖြစ်သွားသလိုမျိူးပါပဲ...
Bai မျိုးနွယ် အိမ်တော်ရဲ့ သခင်လေး ဖြစ်ခဲ့သည်ပေါ့...
ဒါက အပြင်ပန်း သက်သက်ပါပဲ..

BaiYue က လှောင်ရိပ်သမ်းနေသော မျက်လုံးတွေဖြင့် -
"အိုး... သိပါပီ မား...အဖေ့ရဲ့ မွေးနေ့ပွဲကို ကျွန်တော်သေချာပေါက်ပြန်လာရမှာပေါ့... မဟုတ်ဖူးလား? အဟင်း.."
အဖေ့ မွေးနေ့ဆိုမှတော့ မေ့မရတဲ့မွေးနေ့ပွဲလေးဖြစ်အောင် ဖန်တီးပေးသင့်တာပေါ့...

BaiYue ရဲ့ ခပ်ရွဲ့ရွဲ့ အဖြေကို တဖက်က ဖန်ကျဲချုန် ကတော့ မရိပ်မိပဲ ကျေနပ်သွားသည့်အသံဖြင့် -
"မြေခွေးမ က တစ်လောတုန်းက သားဦး မွေးထားတယ်... ပြီးမှ ငါသတိမပေးဖူးလို့ မပြောနဲ့နော်... နင့်အဖေက Bai မျိုးရိုးရဲ့ အမွေတွေအကုန် မြေခွေးမရဲ့သား ကိုသာ ပေးလိုက်ရင်တော့လား..."

BaiYue က အိမ်ကနေထွက်ခဲ့ပီးကတည်းက သူ့စိတ်ကြိုက် လိုက်ရှုပ်နေခဲ့တာကြာခဲ့ပီ... အခု ဖန်ကျဲချုန် ရဲ့ ရင့်သီးတဲ့ စကားတွေပြန်ကြားရမှ ငယ်စဉ်ဘဝကို ပြန်တွေးမိတော့တယ်...
သူငယ်စဉ်တုန်းက သူမ က တစ်ခုခုဆိူ သူ့ကို ကြိမ်တုတ်နဲ့ ရိုက်တယ်... နောက်ပိုင်း သူ က ကိုယ့်ကိုကိုယ် ရပ်တည်နိုင်လာခဲ့တော့ သူမ မရိုက်ရဲတော့ပဲ ရင့်သီးတဲ့စကား ၊ ရွဲ့စောင်းတဲ့ စကားတွေနဲ့ပဲ ပြောရဲတော့တယ်... အခုလည်း နှစ်တချို့ကြာတော့မှသာ BaiYue ကို နဲနဲပါးပါးဆူဆဲရဲတာ ... သူမ မာန်မာနတွေ သိပ်မထောင်လွှားရဲတော့ဖူး..

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now