Extra (53) ရင်ဆိုင်ဖို့ သတ္တိမရှိသေးဖူး...

2.9K 242 13
                                    

5.10.2023(Edited)
((Unicode))

YunJin က ဒေါင့်တစ်ခုလေးမှာတိတ်တိတ်လေး ရပ်စားနေရင်း စိတ်ထဲမှာတော့ ဒီပွဲကြီးက မပြီးနိုင်တော့ဖူးလား လို့ပဲ တွေးနေ၏...
လှပစွာဝတ်ဆင်ထားကြသော သူနဲ့မလှမ်းမကမ်းရပ်နေတဲ့ နတ်သမီးအုပ်စု ရဲ့ စကားပြောသံတွေက သူ့နားစည်ကို ရိုက်ခတ်လာတယ်...

"ဟဲ့... အခုဝင်လာတာ LiangHuai ကြီးပဲ... သူက တကယ်ကို ကျိုး မိသားစု ရဲ့ သမက် လုပ်တော့မှာပေါ့!!!"

"အစက ဒီကိစ္စကို မီဒီယာတွေ သက်သက်ဖွတာလို့ထင်နေခဲ့တာ!! သတင်း အမှန်ကြီး ဖြစ်နေလိမ့်မယ်လို့မထင်ခဲ့မိဖူး!!"

"လိုက်ဖက်လွန်းတယ်မဟုတ်ဖူးလားဟယ်!!"

YunJin တောင့်ခဲသွားပီး ထိုကောင်မလေးတွေအကြည့်ရောက်နေရာဆီ သူလိုက်ကြည့်လိုက်မိသည်...
မီးရောင်အောက်မှာ LiangHuai က ကိုယ်ထည်နဲ့တိုင်းပြီးသေချာအကျအန ချုပ်ထားသော ဒီဇိုင်နာချုပ် ဝတ်စုံပြည့် ကို ဝတ်ထားပီး သူ့ဘေးမှာတော့ အဖိုးတန်ကျောက်မြတ်တွေဝတ်ဆင်ထားတဲ့ မိန်းမလှလေး တစ်ဦး...
သူမက LiangHuai ရဲ့ လက်ကိုတွဲချိတ်ထားရင်း အပြုံးဖျဖျလေးကို ဆင်မြန်းထား၏...

ထိုမိန်းမလှလေးနာမည်က ကျိုးလွေ့ လို့ခေါ်ပီး "X" ကျောက်မြတ်ကုမ္ပဏီ ၏ အကြီးဆုံးသမီး...
အခု ဒီနေ့ပွဲရဲ့ မွေးနေ့ရှင် - ကျိုးရုံဟွာ ရဲ့ သမီးပေါ့...

((t/n : အရှေ့အပိုင်းတခုမှာ ကျိုးလွေ့ကို Bai FuMei - ပြည့်စုံသော အမျိုးသမီး - Ms Perfect လို့ နာမည်ပြောင်ကိုပဲ သုံးပီး BaiYue က YunJin ကို ပြောခဲ့ဖူးတယ်..
ကျိုးလွေ့ - အမည်ရင်း
ပိုင်ဖုမိန် - နာမည်ပြောင် ))

သူတို့နှစ်ယောက်ဟာ နတ်ဖက်တဲ့စုံတွဲတွေလို လူအများကြား ပြိုးပြိုးပျက်ပျက်နဲ့ကိူ ရှိလို့...

BaiYue က ရှန်ပိန်တခွက်ကိုင်ရင်း YunJin အနားကို လာခဲ့ချိန်မှ ပွဲထဲကို LiangHuai နဲ့ ကျိုးလွေ့ တို့ပါ ရောက်လာပီမှန်း သိလိုက်ရပီး ပြုံးသွားသည်...
"သူမကိုကြည့်လိုက်... မင်းနဲ့ နဲနဲဆင်တယ်လို့ မထင်ဖူးလား??"

"မထင်ပါဖူး"
YunJin က သူ့လက်ထဲက ကိတ်ကလေးကိုသာ ငုံ့စားနေ၏... ပွဲက ပျင်းဖို့ကောင်းပေမဲ့ ကျွေးတဲ့ ကိတ်တွေက အကုန်စားကောင်းပဲ...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now