Extra (35) တစ်ယောက်တကလှည့်စီပေါ့...

2.9K 245 7
                                    

7.8.2023 (Edited)

ညဦးပိုင်းထဲကထွက်သွားပြီး နောက်တစ်နေ့ မနက်ပိုင်းမှ ပြန်ရောက်လာတဲ့ YunJin ဟာ LiangHuai ရဲ့ စိတ်အာရုံစိုက်မှုကို ခံရတယ်...
"ဘယ်ထွက်သွားတာလဲ ပေါင်မုန့်လေး??"

YunJin က ဗိုက်ကို ဟန်ဆောင်ပန်ဆောင် ပွတ်ပြပြီး -
"ဗိူက် မကောင်းဖြစ်နေတာ ၂ရက်ရှိနေပီ... အိမ်သာမှာ အတော်ကြာထိုင်လိုက်ရပြီး အိမ်တန်းပြန်သွားလိုက်တာ"

LiangHuai က YunJin ရဲ့စကားတွေကို သိပ်မယုံနိုင်ပဲ မျက်မှောင်ကြုတ်ကာ -
"ကိုယ့်ဆီကနေ တစ်ခုခု ကို ဖုံးကွယ်ထားတာလား??"

"မဟုတ်ပါဖူး!! လုံးဝပဲ!! ဘာလို့ ဖုံးကွယ်စရာ ရှိရမှာလဲနော်??"
YunJin ခုံပုလေးမှာပြန်ထိုင်ပြီးဖုန်းကို ထုတ်ကာ -
"ဂိမ်းထပ်ဆော့လိုက်အူးမယ်"

ကျိုးယွမ် ဆီ YunJin သွားခဲ့တော့ ကျိုးယွမ် လည်း ပတ်တီးတွေနဲ့မို့ လှုပ်ရကိုင်ရတာ မလွယ်ကူဖြစ်နေကာ YunJin ဟိုလုပ်သည်လုပ်နဲ့ ကူညီပေးခဲ့တာမို့ ကြာသွားပြီး ရှယ်ယာတွေဝယ်ဖို့ ဘာကြောင့် ဆိုင်းငံ့ထားရတာလဲ ဆိုတဲ့အကြောင်းတွေလည်း မေးခဲ့သည်..

LiangHuai ရဲ့ မသင်္ကာတဲ့ မျက်လုံးအကြည့်တွေအောက် YunJin လိမ်ထားရတာကို သိပ်စိတ်မလုံချင်..
ကံကောင်းလို့ LiangHuai က စစ်စစ်ပေါက်ပေါက်တော့ မမေး...
ရက်ပေါင်းများစွာ အရှုပ်အထွေးတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် YunJin ဂိမ်း acc ထဲ မဝင်ဖြစ်ခဲ့တာတောင် အတော်ကြာခဲ့ပီ... ဂိမ်းထဲ log in ဝင်လိုက်တာနဲ့ အမြဲကစားဖော် ကစားဖက် ရှောင်A ဆီကနေ msg တွေ တပုံတပင် ရောက်လို့နေသည်...
YunJin အကြိုက်ဆုံးဂိမ်း က ကဒ်ဆွဲရတဲ့ ဂိမ်းဖြစ်ပြီး အဲ့ဂိမ်းကစားရင်း သူငယ်ချင်းကောင်းတစ်ယောက်လည်း ရခဲ့တယ်... သူတို့ ၂ယောက် က အမြဲ ၂ယောက်တစ်ဖွဲ့ ဖွဲ့ ပြီး တဖက်နဲ့ ယှဉ်ပြိုင် ကစားတာတွေတောင်ရှိခဲ့သေးတယ်..

ဂိမ်းငုံ့ကစားနေတဲ့ YunJin က - အသားလေးက နို့ရောင်လေးလို ဖြူနှစ်နေပြီး ဆံပင်ပျော့ပျော့လေးတွေက နားရွက်ကိုဖုံးလို့... ကြည့်ရတာ လိမ်လိမ်မာမာနဲ့ နာခံတတ်တဲ့ ကလေးလိမ္မာလေး တစ်ယောက်လို... ရီလိုက်ရင်လည်း မြင်သူအပေါင်းကို နွေးထွေးစေကာ မျက်လုံးတွေက လခြမ်းကွေးလို မှိတ်သွားတော့ မတတ်ပဲ...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now