Extra (47) မူးပြီး မှောက်သွားပြီ

2.9K 237 1
                                    

4.10.2023 (Edited)
((Unicode))

YunJin က LiangHuai ကို စစတွေ့ချင်း ကတည်းကနေ ၄နှစ်လောက်ထိ တောက်လျှောက် ချစ်ခဲ့ရတဲ့သူ...
YunJin မှတ်မိပါသေးတယ်... LiangHuai သူ့ကို ချစ်ရေးဆိုခဲ့တုန်းက သူ့မှာ ရင်ခုန်ရလွန်းလို့ တစ်ညလုံးတောင် မအိပ်နိုင်ခဲ့ပဲ မနက်ကျတော့ ပန်ဒါမျက်လုံးတွေကြောင့် မိတ်ကပ်ဆရာရဲ့ အဆူအပူခံရတာတောင် သူ့မှာ တခစ်ခစ်နဲ့ ရီနေဆဲ...

သူ့ရှေ့မှာ အခုရပ်နေတဲ့သူက သူသိပ်ချစ်ခဲ့ရတဲ့သူ... တစ်ဘဝလုံး အတွက် ရည်ရွယ်ထားခဲ့ရသူ..
တစ်ခုပါပဲ - သစ္စာဖောက်ခံခဲ့ရတာတွေ၊ လိမ်လည်လှည့်စားခံခဲ့ရတာတွေက လုံးဝကြီးမားပြီး ခွင့်မလွှတ်နိုင်ေလာက်အောင်ထိ ဖြစ်ခဲ့တယ်... ပြန်တွေးတိုင်း ရင်ထဲတဆစ်ဆစ်နဲ့ နာပါသည်...

အခုချိန်မှာ ဒါတွေအကုန်လုံးကို သူလွှတ်ချခဲ့သင့်ပီ...
YunJin တည်ငြိမ်နေသော အကြည့်တို့ဖြင့် -
"LiangHuai...ငါ မင်းကို လုံးဝ မကြိုက်တော့ဖူး"
သူ မျက်လွှာချလိုက်ပြီး -
"ရှေ့လျှောက် ငါ့တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် မသိကြတဲ့ သူစိမ်းတွေလိုပဲ နေကြရအောင်"
စကားကုန်ပြောပီးသွားတဲ့ YunJin က လှည့်ထွက်သွားဖို့ပြင်တယ်...

LiangHuai က YunJin ကို ငေးကြောင်လျက်ကြည့်နေပီး... နားကြားတွေ မှားတာလား!!???
သူပါးစပ်ကို အားယူဖွင့်ပီး ဂဏှာမငြိမ်စွာဖြင့် -
"ပေါင်မုန့်လေး... အခု ကိုယ့်ကို ဘာတွေပြောသွားတာလဲ???"
LiangHuai က YunJin ရဲ့ လက်ကို လှမ်းဆွဲဖို့ကြိုးစားတယ်...
"ပေါင်မုန့်လေး"
LiangHuai ရဲ့ အသံတွေက တုန်ယင်နေပီး ဘဝမှာ တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ကြောက်ရွံ့မိတာပဲ...
"ပေါင်မုန့်လေး ကိုယ့်ကိုကြိုက်သလောက် ဆူဆဲ ပြောဆို အပြစ်လေးလို့ရပါတယ်... ဒီလိုကြီး... ဒီလိုကြီးတော့ မပြောပါနဲ့ကွာ...နော်???"

သူတို့၂ယောက် အခြေအနေကို ဘေးကနေ ရပ်ကြည့်နေတဲ့ ရှူယွီ က YunJin ရဲ့ ရှေ့မှာ ဝင်ကာပီး -
"ကြွက်ကလေးကို ထိဖို့မကြိုးစားနဲ့!!"

"ရှေ့ကဖယ်စမ်း"
LiangHuai ရှူယွီ ကို ကြမ်းပြင်ပေါ်လဲကျသွားအောင်ထိ တွန်းဖယ်ထုတ်ပစ်ပီး YunJin ကို အနောက်ကနေ အတင်းပြေးဖက်သည်...
"ဒီလိုကြီးတွေမပြောပါနဲ့... ကိုယ်နဲ့ပြန်လိုက်ခဲ့ပါကွာ...နော်?? အနာဂတ်မှာ အစစအရာရာ ဂရုတစိုက် ထားမှာ... ကိုယ်တို့ တောင်ပေါ်မှာ စတွေ့ကြတုန်းကလေ နော်??"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now