Extra (2)

3.9K 393 5
                                    

26.6.2023 (Edited)

ကိုယ်ဝန်ရှိနေသော ပါပါး 🍎
ဒုတိယပေါင်မုန့်လုံးလေး 🍏
YunJin & LiangHuai part (2) 🐸

ညနေပိုင်းရောက်တော့ FuShiWen တစ်ယောက် မီးဖိုချောင်ထဲမှာ တကုတ်ကုတ်နဲ့ အချိန်အတော်ကြာ အလုပ်ရှုပ်နေပြန်သည်...

"ဒီနေ့က တခုခုထူးခြားတဲ့နေ့မို့လား??"
မီးဖိုချောင်ထဲက ထွက်လာတဲ့ ရနံ့တွေ မွှေးလွန်းလို့ YunJin မနေနိုင်တော့ပဲ ဧည့်ခန်းက ဆိုဖာမှာထိုင်နေတဲ့ JiKe ဘေးသွားထိုင်ကာ စပ်စုကြည့်သည်...

"အွန်း... အဲ့လိုပဲပြောရမှာပေါ့"
JiKe က ပြုံးနေရင်း သူ့ဗိုက်လေးကို လက်နဲ့ပွတ်သပ်နေတယ်...
JiKe ရဲ့ ပြုံးစိစိ မျက်နှာကြောင့် ခွေးစာတွေတနင့်တပိုး ထပ်စားရတော့မှာပါလား ဟု YunJin ကြိုသိနေပါပြီ...

မကြာခင်မှာပဲ FuShiWen က ပူပူနွေးနွေးဟင်းပန်းကန်တွေ တစ်ခွက်ပီးတစ်ခွက် ထမင်းစား စားပွဲဆီ သယ်ချလာပြီးနောက် အေပရွန်ကို ခါးကနေဖြုတ်ကာ JiKe ဆီလာပီး ထမင်းစား စားပွဲဆီသွားဖို့ လာဆွဲထူ/ကူတွဲပေးတယ် ..

"ကျွန်တော် ကွကိုယ် လမ်းလျှောက်နိုင်ပါတယ်ဗျ"
FuShiWen က သူ့ကို ဖန်နဲ့ပြုလုပ်ထားတဲ့ ကျိုးလွယ်ပဲ့လွယ် ဖန်အရုပ်လေးလိုကို သဘောထားနေတော့တာပဲ... သူ က အဲ့လောက် မပျော့ပါဖူးနော်..

"ဒါပေမဲ့ ကိုယ်က ကူညီပေးချင်နေတာကြီးကို"
FuShiWen က JiKe ကို သူ့နှလုံးသားဆန္ဒအတိုင်း စားပွဲထိတွဲလာ၊ ခုံကိုထိုင်ဖို့ အသင့်ဆွဲထုတ်ပေး လက်ထဲကို စားဖို့ တူတစ်စုံ အသင့်ထဲ့ပေးနဲ့...

YunJin သူ့ရှေ့က မြင်ကွင်းကို ကြည့်နေရင်း ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးကတော့ - မြန်မြန် အိမ်ပြောင်းရမယ်!!!
မဟုတ်လို့ကတော့ ငါလေး တစ်နေ့နေ့ မှာ ခွေးစာ အစားလွန်ပီး စားပိုးနင့်သေတော့မှာ!!!

Ms. Lan ကလည်း သူမမြေး RuanRuan လေးနဲ့အတူ ထမင်းစား စားပွဲဆီ ဝင်ထိုင်ကြပြီးစားပွဲအပြည့် ဟင်းလျာတွေကိုမြင်တော့ -
"ရှီဝိန် ... ဒီနေ့ ဟင်းတွေဘာလို့ အများကြီး လုပ်ထားရတာလဲ??"

အိမ်မှာ ပုံမှန်နေ့တွေဆို အိမ်အကူအန်တီကပဲချက်တာဖြစ်ပြီး ဒီနေ့လောက်ဟင်းမများ... ဒီနေ့တော့ FuShiWen ကိုယ်တိုင်မီးဖိုချောင်ဝင်ခဲ့သလို ဟင်းတွေကလည်း စားပွဲအပြည့်...
FuShiWen က မျက်နှာစပ်ဖြီးဖြီးနှင့် -
"ဒီနေ့ သတင်းကောင်း ပြောစရာရှိလို့"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now