BaiXu (11) အချစ်ခံရဖို့ထိုက်တန်ရဲ့လား??

1.5K 151 12
                                    

11.10.2023(Edited)
((Unicode))

BaiYue သိခဲ့ရတာတစ်ခုက - XuChun ဟာ ပုံမှန်မှာ ငြင်သာသိမ်မွေ့တဲ့လူဖြစ်ပေမဲ့ အိပ်ရာပေါ်ကကိစ္စမှာတော့ လုံးဝ ဆန့်ကျင်ဖက် ပါပဲ !!
ဆေးရုံအိပ်ရာပေါ်ကဆင်း ၊ အဝတ်အစားတွေပြန်ဝတ်နေချိန်ရောက်တော့ အရင် ငြင်သာသိမ်မွေ့တဲ့ Dr. Xu ပြန်ဖြစ်သွားပြန်ပီ...

BaiYue ကတော့ သူ့ကိုပွေ့တင်ပေးထားတဲ့ ခုံမှာ မှီထိုင်နေရင်း စီးကရက်တစ်လိပ်ကို မီးညှိ ဖွာရှိုက်နေလျက် အိပ်ရာကို သန့်ရှင်းရေးလုပ်နေသည့် XuChun ကို ထိုင်ကြည့်နေသည်...

XuChun လှည့်ကြည့်တဲ့အချိန် BaiYue ကအခုမှ လေ့ကျင့်ခန်းတွေလုပ်ပြီးထားလို့ထင်ပါရဲ့ ... BaiYue နားရွက်ကလေးတွေက ရဲနေပြီး ပျင်းတိပျင်းရွဲ့ပုံလေးက ကြောင် ငပျင်းလေးလိုပဲ...
XuChun က BaiYue လက်ထဲက ဆေးလိပ်ကို ဆွဲယူပြီး အမှိုက်ပုံးထဲပစ်ထဲ့ကာ -
"ဆေးရုံမှာ ဆေးလိပ်သောက်ခွင့်မရှိဖူး"

"ဒါဆို ဆေးရုံမှာ တော်နေကလို ဆက်ဆံရေးမျိုးကိုကျတော့ ခွင့်ပြုတယ်လား Dr. Xu???"
BaiYue က ဆေးလိပ် လုခံရတာကို နဲနဲလေးမှ မငြိုငြင်သလို ပုံမှန် မှုန်မှိုင်းနေတတ်သော မျက်လုံးတွေကလည်း ခပ်ဝင့်ဝင့်နှင့် ... မသိရင် မျက်လုံးလေးတွေနဲ့တောင် ဆွဲဆောင်နေသလိုပဲ...

"အိပ်ရာ အသင့်ဖြစ်ပီ"
ခပ်ဩဩ အသံတစ်ခုကတော့ အနဲငယ် စိတ်ဓါတ်ကျနေသယောင်...

BaiYue က လက်တွေကိုဆန့်တန်းပေးပြီး -
"ကျွန်တော် မထနိုင်ဖူးလေ... ချီပြီး ပို့ပေးပါအူး"

ဒါက သေချာပေါက် ချွဲနွဲ့နေတာမျိုးဆိုပေမဲ့ BaiYue လို လူအတွက်ကျ ချွဲနွဲ့နေတာနဲ့မတူပဲ အပျင်းတစ်နေတာလေးနဲ့တူတယ်...

XuChun က BaiYue ဆီသွားပြီး ပွေ့ချီလိုက်တယ်... BaiYue က သူမှန်းထားတာထပ်တောင် ပေါ့ရွတ်နေပါရောလား...
BaiYue ကိုယ်ပေါ်မှာ ကြွက်သားနဲနဲ၊ ခါးသိမ်သိမ်၊ ရှည်သွယ်သွယ် ခြေထောက်တွေရှိတယ်ဆိုတာ XuChun အတပ်သိတာပေါ့...
BaiYue ရဲ့ နီရဲနေသော နှုတ်ခမ်းတစ်စုံကြောင့် XuChun အသက်ကို ခက်ခက်ခဲခဲရှူနေရတယ်...
BaiYue မှာက ခြေထောက်ဒဏ်ရာ ရှိနေတာမို့ ၂ယောက်သား တအားတော့ မကဲ နိုင်ခဲ့ဖူး...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Kde žijí příběhy. Začni objevovat