Extra (9) မကြည့်မိတဲ့ တစ်ခဏ...ဖြစ်ပျက်သွားတာတွေက မြန်လွန်းတယ်

3.4K 368 8
                                    

26.6.2023 (Edited)

ဘေးကနေ ပြောသမျှကို အခုထိ ရပ်နားထောင်နေတဲ့ ရှောင်ရှူ က တစ်ခုခုအကြီးကြီးလွှဲမှားနေပီမှန်း ခံစားရနေတယ်... လူတွေအကုန်လုံးကလည်း YunJin နဲ့ ယွီရှင်း ကိုဝိုင်းကြည့်နေကြပီမို့ -

"ညီမလေးယွီရှင်း ... အကိုတို့ရဲ့ YunJin က အဲ့သလိုမျိုးတွေ လုပ်တတ်တဲ့သူ မဟုတ်ဖူး... ဒီကိစ္စက အကိုတို့နဲ့ လုံးဝ မပတ်သတ်ဖူးရယ်... ညီမ လူမှားနေပီထင်တယ်"

ယွီရှင်း ရဲ့ မျက်လုံးတွေက ဒေါသကြောင့်နီရဲတက်လာပြီး -
"သိသာနေတာကြီးကို ငြင်းရဲတယ်??"

ဒီလိုအဖြစ်မျိုး YunJin တစ်ခါမှ မကြုံခဲ့ဖူးသေးတာမို့ ဗိုက်ထဲက ကလီစာတွေတောင် လှုပ်လာသလိုခံစားရလာတယ်... သူက တစ်ရှူးတစ်ရွက် ဆွဲထုတ်ပြီး ယွီရှင်း ကို ကမ်းပေးကာ -

"ယွီရှင်း... အရင်တစ်ခေါက်ကိစ္စအတွက်တောင်မှ စိတ်မဆိုးတဲ့ ကျွန်တော်က... အခုလိုမျိုး လုပ်စရာအကြောင်းမရှိသလို.. လုပ်လည်း မလုပ်ခဲ့ဖူး... ဇာတ်လမ်းတွဲကနေ ဖယ်ထုတ်ခံရတဲ့အတွက် တကယ် စိတ်မကောင်းဖြစ်မိပေမဲ့ အဲ့ကိစ္စက ကျွန်တော့်လက်ချက် လုံးဝ မဟုတ်ဖူး"

ယွီရှင်း က YunJin ကို မျက်ထောင့်နီတွေနဲ့ အကဲခတ်ကြည့်မိတယ်... YunJin ရဲ့ ပုံစံက သိပ်ကို အပြစ်ကင်းနေပါလား... YunJin လက်ချက် တကယ်မဟုတ်ဖူးလား???
ဒါပေမဲ့...YunJin အပြင် လုပ်နိုင်မဲ့ တခြားလူကို ယွီရှင်း လုံးဝ စဉ်းစားလို့မရ...

သူတို့တွေဖြစ်ပျက်နေကြတုန်း LiangHuai က မင်းသားသစ်လေးအနားသွားကာ -
"မင်းရဲ့ဖုန်း ပေး"

မင်းသားသစ်လေးက အ ချင်ယောင်ဆောင်ပြီး -
"ဘာ ဖုန်း ကိုပြောတာလဲဗျ??"

LiangHuai က အေးစက်စက်ဖြင့် -
"အခုဖြစ်နေတာတွေကို မင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ခဲ့တယ်မလား?? ငါမြင်ပီးသား"

မင်းသားသစ်လေးခမျာ သူ့ဖုန်းကို အိတ်ကပ်ထဲကနေ အောင့်သက်သက်နဲ့ ထုတ်ပေးရရှာတယ်... LiangHuai က ဖုန်းကို ယူပြီး ရိုက်ထားသမျှ ပုံတွေ video တွေ အကုန်ဖျက်ပစ်ကာ ဘာ back up memory မှ မကျန်အောင်ထိ သေချာ စစ်ပြီး ဖျက်၏...

ရှောင်ရှူ တကယ် ချွေးပျံချင်နေပီ... အခုဖြစ်နေတာတွေကိုသာ တစ်ယောက်ယောက် က မှတ်တမ်းခိုးယူပြီး လိုင်းပေါ်တင်လိုက်မယ်၊ သူတို့ပြောချင်တဲ့ တစ်ဖက်စောင်းတွေရေးချလိုက်မယ်ဆိုရင်.... YunJin က မတရား အနိုင်ကျင့်သူ လို့ စွပ်စွဲအပြောခံရတော့မှာ!!!

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now