Extra (67) Ending Part 10 : သူတို့ ၂ယောက်ကို ကံကြမ္မာဆုံစေခဲ့တဲ့ ဇာတ်လမ်း အစ ...

3.1K 256 5
                                    

8.10.2023(Edited)
((Unicode))

ရှောင်ကျိုသည် 996 ရုံးဝန်ထမ်းတစ်ယောက် ဖြစ်သည်... သူမရဲ့ တစ်နေ့တာကို အိမ်-ရုံး-ကန်တင်း-ရုံး-အိမ်.. ထိုသို့သာ ဖြတ်သန်းလေ့ရှိပီး သူမ ရဲ့ အားလပ်ရက်/အားလပ်ချိန်မှာတော့ အနုပညာရှင်တွေအချင်းချင်း cp လုပ်ထားတဲ့ အတွဲတွေကို အင်တာနက်ပေါ်ကနေ မနားတမ်း လိုက်လံကြည့်ရှူခြင်းပါပဲ...

(t/n : 996 အလုပ်ပုံစံ = ရုံးမှာ မနက် 9 ည 9 ထိ အလုပ်လုပ်ရတယ်... အဲ့လိုမျိုး တစ်ပတ်မှာ ၆ရက် ...)

သူမ တစ်နေ့တာ အလုပ်တွေ ပြီးစီးလို့ ရုံးဆင်းလာရတော့ ထုံးစံအတိုင်း အင်တာနက်ဖွင့်ကာ Cele တွေအကြောင်း Cp တွေ အကြောင်း လိုက်စပ်စုတော့၏...
ဒါလေးတွေကပဲ သူမအတွက် စိတ်ဝိဥာဏ်ဖြည့်စွက်စာလေးတွေပါ... သူမရဲ့ ပျင်းစရာဘဝကြီးမှာ အပျော်ဆိုလို့ ဒါလေးတွေပဲ ရှိတယ်...
အစကတော့ သူမ စွဲလန်းနေတဲ့ Cp ရယ်လို့ တသမတ် မရှိပေမဲ့ ခုနောက်ပိုင်း တအားကို ပေါ်ပြူလာ ဖြစ်လာတဲ့ အတွဲကို သူမ ပါ စွဲမိနေပါပီ... အခုလည်း အဲ့အတွဲအကြောင်း video အတိုအထွာလေးတွေ တက်လာပြန်ပီ...

"ကြည့်စမ်း ကြည့်စမ်း!!! ကုန်စည်သစ်မိတ်ဆက်ပွဲမှာ အမှားတစ်ခုဖြစ်တော့ Liang ညီလေး က သူ့မိန်းမကိုပဲ ဇွတ်တွေ အရင်ကာကွယ်ပေးနေတာတော်!!! တကယ့်ကို Boyfriend ပါဝါ အပြည့်ပါပဲ!!"

"တောင်ပေါ်ကဇာတ်ကား ကို နှစ်ယောက်အတူ ရိုက်ခဲ့ကြတယ်... ဇာတ်ကားရဲ့ bts(behind the scenes) တွေမှာတောင် လက်နွေးအိတ်ကို ၂ယောက်အတူ သုံးခဲ့ကြသေး!!! ဒီနှစ်ယောက်က တကယ်ကို real ကြီးပါဟေ့!!!"

"ရှေးခေတ်စတိုင် အဝတ်အစားတွေ ဆင်ဆာတွေနဲ့ LiangHuai x Yunပေါင်မုန့် တို့ကတော့!!! စကရင်ကြီးသာ ပြေးလျက်ပစ်ချင်တော့တယ် လို့!!"

LiangHuai နဲ့ YunJin တို့ ရိုက်ခဲ့တဲ့ တောင်ပေါ် က ဇာတ်ကား ကို နိုင်ငံတွင်းမှာတော့ ဘန်း ခံထားရလို့ ပြသခွင့် မရှိခဲ့ပေမဲ့ ပြည်ပ နိုင်ငံရပ်ခြားတွေမှာ ပြသခဲ့ပြီး ဆုတွေလည်း စုံစိနေအောင်ရခဲ့သည်...
ခုနှစ်ထဲရောက်တော့ နိုင်ငံတွင်း ပြောင်းလဲမှု တချို့ ရှိလာပြီးနောက် ထိုဇာတ်ကားကို ရုံတင် ပြသခွင့် ရခဲ့ရာကနေ အရင်တုန်းက စုန်းစုန်းမြုပ်နေခဲ့သော Cp က တဖန် ပြန်ရှင်သန်လာခဲ့ရပါပီ!!!

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now