Extra (57) Main CP ခဏသရဲဝင်ခြောက်ခြင်း ...

3.2K 237 9
                                    

6.10.2023(Edited)
((Unicode))

"အမေက အနာဂတ်မှာ ကိုယ်ဘာပဲဖြစ်ချင်ချင် သူမက ထောက်ခံပေးမယ်တဲ့"
"ကြွက်ကလေး... ကိုယ်မင်းနဲ့အတူ တကယ်ရှိချင်တယ်"
YunJin ကို ကြည့်နေတဲ့ ရှူယွီ ရဲ့ မျက်လုံးတွေက တဖျက်ဖျက်တောက်နေပီး သူ့မျက်နှာလေးကိုတောင် အရောင်ဟပ်ပီး လင်းနေစေသလိုလို...

YunJin ဘာပြန်ဖြေရမှန်းမသိ...
သူ့အနေနဲ့တသက်လုံး ရှူယွီ နဲ့ နေသွားနိုင်မှာလား??

YunJin ရဲ့တုန့်ဆိုင်းနေမှုကို သတိထားမိတဲ့ ရှူယွီ က ချောင်းဟန့်ပီး -
"ဟဟဟ...အဟမ်း...ဒီကိစ္စက ပြောဖို့ စောလွန်းသေးတယ်ထင်တယ်... ကိုယ်တောင် ဆေးရုံကဆင်းခွင့်ရဖို့ အရင်နေကောင်းအောင်နေရအူးမှာဆိုတော့လေ"

YunJin က ရှူယွီ ရဲ့ စကားနောက် follow လိုက်နင််းပီး -
"မင်းနေကောင်းလာလို့ အိမ်ပြန်ရောက်ပီဆိုမှ ဒီကိစ္စအကြောင်း ဆက်ဆွေးနွေးကြမယ်လေ"

ပါးစပ်ကထုတ်မပြောဖြစ်ပေမဲ့ ရှူယွီ မျက်နှာကမှုန်မှိုင်းမှိုင်းတော့ ဖြစ်သွားရပါ၏...

🍊🍓🍊🍓🍊

ရှူယွီ ဆေးရုံမှာ နာလန်ထစပြုလာကာ တော်ရုံတန်ရုံ စိတ်မပူရတဲ့ အနေအထားရောက်နေပီမို့ YunJin အားလပ်ရက် တစ်ရက်ရွေးကာ JiKe တို့ဆီ သွားလည်လိုက်သည်...
Fမြို့တော်ကို ရောက်နေတာကြာပီဖြစ်ပီဖြစ်ပေမဲ့ သူအခုထိ JiJi တို့ RuanRuan လေးတို့နဲ့ သွားမတွေ့ရသေးဖူး...

လူခေါ်ဘဲလ် တီးပီး ခဏနေတော့ အိမ်တံခါးလာဖွင့်သူက Ji RuanRuan လေး...
ဒီကလေး လေးက ထွားလာလိုက်တာများ!!! နောက်ဆုံးမြင်ခဲ့တဲ့အချိန်ထပ် ခေါင်းတစ်လုံးစာ ပိုရှည်ထွက်လာသလိုပဲ!

"ခေါင်းကိုင် ဖေဖေ!!!"
RuanRuan လေးက YunJin ကို မြင်တော့ ဝမ်းသာအားရအော်ပီး ခါးကို သူ့လက်နှစ်ဖက်နှင့် ပြေးဖက်တော့သည်...

RuanRuan လေးက ဖက်လို့ဝမှ အိမ်ဖက်ခေါင်းလှည့်ကာ -
"ပါပါးရေ... ခေါင်းကိုင်ဖေဖေ ရောက်လာပီ!!"

YunJin က RuanRuan လေး ခေါင်းကို ပုတ်ပီး -
"အရပ်တွေရှည်ထွက်လာလိုက်တာရော်... သား ပါပါး က အခုဘယ်မှာ??"

"ပါး က မီးဖိုချောင်ထဲမှာ"

YunJin ဒီနေ့ လာမယ်ဆိုတာ ကြိုချိန်းထားကြတာမို့ JiKe က အိမ်ကူ အန်တီကို YunJin ကြိုက်တာတွေစျေးမှာသွား ဝယ်စေပီး မီးဖိုချောင်ထဲကို ကိုယ်တိုင်ဝင်ချက်ပြုတ်ပေးနေခြင်း...
FuShiWen က သူတို့ရဲ့ ဒုတိယ ကလေး ကို ပွေ့ချီထားရင်း ဟင်းချက်ပြုတ်ပြင်ဆင်နေတဲ့ JiKe ကို အလိုမကျစွာကြည့်ကာ -
"ကိုယ်အိမ်မှာနေတာကြာလှပီ...ကိုယ့်ကိုကျတော့ ဟင်းမချက်ကျွေးပဲနဲ့ ဟိုတစ်ယောက်လည်း လာမယ်ဆိုရော ဟင်းတွေကို အများကြီးကို ချက်နေလိုက်တာဆိုတာ... အားယွီ က တကယ်ကို  ဘက်လိုက်လွန်းတာပဲ!!"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now