Chapter 111

3.7K 352 7
                                    

18.6.2023(Edited)

Chapter 111 : 18-နှစ်သား FuShiWen ...

JiKe ၂စက္ကန့်လောက် ကြောင်အနေပီးမှ ဒီလိုမြင်ကွင်းမျိုးက ရင်းနှီးနေတာမို့ မျက်မှောင်ချက်ချင်းကြုံ့ကာ -
"FuShiWen... ဘယ်သူမှ လိမ်ကွက်တစ်ခုကို ၂ခါ မလုပ်ဖူး"

အတိတ်တုန်းက ဒီလိုအကွက်မျိုးနဲ့ FuShiWen သူ့ကို လိမ်ဖူးတယ်လေ... ဒီတခါတော့ လာအရူးလုပ်လို့ရမယ်မထင်နဲ့...

ဒါပေမဲ့.... မြေပြင်ပေါ်က လူက တုပ်တုပ်မှ လှုပ်မလာဖူး...လမ်းပေါ်မှာလည်း သွေးတွေအိုင်ထွန်းနေပီ.... FuShiWen နှုတ်ခမ်းကနေ စီးကျလာတဲ့ သွေးနီနီရဲရဲတွေက ဖြူဖွေးနေတဲ့ မျက်နှာပြင်ပေါ်မှာမို့ အထင်းသား...

တချိန်တည်းမှာပဲ FuShiWen ကို တိုက်သွားတဲ့ ကားအနက်ရောင်ရဲ့ တံခါးပွင့်လာပီး ဆေးရုံလူနာ ဝတ်စုံနဲ့ လူတစ်ယောက် ဒရောသောပါး ဆင်းလာပီးထွက်ပြေးသွားတယ်...
ရင်းနှီးနေတဲ့ AnCheng ရဲ့ နောက်ကျောပြင်ကို မြင်လိုက်ရတဲ့ တခဏ JiKe ဦးနှောက်တခုလုံး ဗလာနတ္ထိ...

AnCheng က JiKe ကိုတိုက်သတ်ချင်တာကို FuShiWen က ကြားခံပီး သူ့အသက်ကို ကယ်ပေးခဲ့တာလား! ဒါကြီးက တအားတိုက်ဆိုင်လွန်းနေတယ်!
"FuShiWen....ခများ ကျွန်တော့်ကို လှည့်စားနေပြန်ပီလား?"

သွေးအိုင်ငယ်ကနေ သွေးတွေက လမ်းတလျှောက် စီးကြောင်းတခုလို စီးနေ၏...

FuShiWen လှဲကျနေရာဆီကို JiKe တလှမ်းစီ လျှောက်သွားပီး ဒူးထောက်ထိုင်ချကာ တုန်ရီနေသော လက်တစုံဖြင့် FuShiWen မျက်နှာကို တို့ထိကြည့်သည်... သွေးတွေက နွေးနေဆဲ ၊ စီးကျနေဆဲ ....
JiKe သူ့လက်ကိုပေလာတဲ့ သွေးတွေကို ပြန်ကြည့်ပီး -
"FuShiWen!!! ဒါက သွေးအတုတွေမလား? ဟမ်!? ဆေးရုံကနေ ယူလာတဲ့ သွေးအတုတွေ မဟုတ်လားလို့!!!???"
"FuShiWen...ဟန်မဆောင်နေနဲ့!! ထစမ်းလို့!!!"

FuShiWen ရဲ့ မျက်ခွံတွေကလှုပ်နေပေမဲ့ ဘယ်လောက်ကြိုးစားစား မျက်လုံးကို မဖွင့်နိုင်ဖူးဖြစ်နေတယ်... နှုတ်ခမ်းအနည်းငယ်သာ လှုပ်ရှားနိုင်ပီး -
"အား..ယွီ..."

JiKe က FuShiWen ကို ကြောင်နန နဲ့ ကြည့်နေမိပီး -
"FuShiWen...ခများ ကျွန်တော့်ကို လိမ်နေပြန်ပီမလား?"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Место, где живут истории. Откройте их для себя