Extra (5) LiangHuai... ငါဒီတခါ တကယ် မလုပ်ချင်ဖူး

3.5K 359 15
                                    

26.6.2023 (Edited)

အခန်းထဲဝင်မိလိုက်သည်နှင့် YunJin နောင်တတွေရလာခဲ့ပီ.. ကွကိုယ်သေတွင်းတူးနေတာ မဟုတ်ဖူးလား??
ငါလေးက အ လိုက်တာ!!
ရှေ့လျှောက် LiangHuai ဘယ်လိုဆွယ်ဆွယ် လုံးဝ ထောင်ချောက်ထဲ ထပ်မဝင်စေရဖူး! ဟု YunJin ကွကိုယ် စိတ်ဆိုးစွာ ကတိပေးတယ်...

"ထိုင်"
LiangHuai က အခန်းထဲရှိ ရေခဲသေတ္တာအသေးလေးထဲကနေ ဆိုဒါတစ်ဗူး ထုတ်လာပြီး -
"သောက်ဦးမလား??"

YunJin က LiangHuai ကို သတိအနေအထားနဲ့သာ ကြည့်နေပီး ကမ်းပေးလာတဲ့ ဆိုဒါဗူးကိုလည်း မယူ...
YunJin ရဲ့အကြည့်၊ ပုံစံတွေကိုကြည့်ပီး LiangHuai မှာ ရယ်ချင်ရက် ပက်ကျိ ဖြစ်လာရတယ်..
YunJin ကသာ တောင့်တောင့်ကြီးသတိအနေအထား ရပ်နေပေမဲ့ LiangHuai ကတော့ အပူအပင်ကင်းစွာဖြင့် ကုတင်ခြေရင်းမှာ စိမ်ပြေနပြေထိုင်ပီး ဆိုဒါဗူးကို ဖောက်ကာ တစ်ကျိုက်မော့တယ်..
ဆိုဒါရေကြည်လေးတွေက ဆက်ဆီဆန်ဆန် နှုတ်ခမ်းပါးကနေတဆင့် ထိုအမျိုးသားရဲ့လည်ချောင်းထဲရောက်သွားပုံ၊ အာဒမ်ပန်းသီး အထက်အောက် ရွေ့လျားနေပုံ တို့က ကြည့်မိသူအပေါင်းကို မျက်စိမလွှဲနိုင်အောင် ဖမ်းစားနိုင်လွန်းလှသည်...
လှုပ်ရှားနေတဲ့ ပန်းသီးလေးက ပြေးပြေးငုံကိုက်ပစ်ချင်စရာ ကောင်းတဲ့အထိ...
YunJin တံတွေး မြိုချမိသည်...
LiangHuai က ဘာမှထွေထူး လုပ်ပြနေတာ မဟုတ်ပေမဲ့ လုပ်ရပ်တိုင်းက သူ့ကို ဆွဲဆောင်နေသလိုလို...
တစ်နည်းပြောရရင် - LiangHuai ဘာလုပ်လုပ် YunJin ရဲ့ မျက်လုံးတွေက ကြည့်ရတာကို ကြိုက်နေတာ...

အနုပညာလောကမှာ LiangHuai နာမည်ကြီးရခြင်းဟာ သရုပ်ဆောင်စွမ်းရည် ကောင်းရုံတစ်ခုထဲကြောင့်မဟုတ်ပဲ... လူတကာကို ညှို့ယူနိုင်၊ ဖမ်းစားနိုင်တဲ့ သူ့ရုပ်ရည်၊ သူ့ပုံစံတွေကြောင့်ကောပဲ..

YunJin ရဲ့အကြည့်တွေကို ခံစားမိတော့ LiangHuai က ဆိုဒါသောက်နေတာကိုရပ်ပီး နှုတ်ခမ်းတဖက်တွန့်တက်လာကာ -
"အခန်းထဲထိရောက်လာပြီးတော့မှတော့ ထိုင်ပါအူးလား"

LiangHuai နဲ့ တစ်ခန်းထဲ အတူနေရတာ အန္တရာယ်ပဲ -
"မထိုင်ဖူး... အခုပြန်တော့မှာ"

"တကယ်ပြန်တော့မှာပေါ့??"
LiangHuai က YunJin ကိုကြည့်ပီး သရော်ပြုံးပြုံးကာ -
"အခန်းထဲကနေ မထွက်သွားနိုင်ပါဖူး.. ဟုတ်တယ်မလား??"
LiangHuai က ပြောနေရင်း ရီမောရင်း -
"မင်းဖက်ကနေပဲစပြီး ငါတို့ကြားက ဆက်ဆံရေးကိုရပ်ချင်ခဲ့တယ်.. ငါ့အခန်းတံခါးကိုလည်း မခေါက်ပဲ မနေနိုင်ဖူး... မင်း ငါမရှိပဲမနေနိုင်ပါဖူး... ဒါကို ဘာလို့ လမ်းခွဲစကားတွေ လာပြောခဲ့လဲ?"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now