Chapter 84

3.7K 363 1
                                    

17.6.2023(Edited)

Chapter 84 : ဆံပင်တွေဖြူတဲ့အထိ အတူအသက်ကြီးသွားမယ်...

JiKe အချိန်အတော်အသင့်ထိ ရပ်စောင့်ပေးနေပေမဲ့ ဘာရေကျသံ မှမကြားရတာမို့ တွန့်ဆုတ်စွာမေးမိတယ် -
"အခုထိ အိမ်သာ မသုံးသေးဖူးလား?"

ထိုလူနာ က အချိန်ခဏလောက်ကြာမှ ရှက်နေသည့် အသံဖြင့် -
"အမ်...အိမ်သာတက်နေချိန် ဘေးနားတစ်ယောက်ယောက်ရှိနေတာကို အကျင့်မရနိုင် ဖြစ်နေလို့..."

JiKe ပြုံးမိတယ်...ဒီလူနာက သူ့ထက်လည်းအရပ်ရှည်ပီး တကိုယ်လုံးပတ်တီးတွေဖွေးနေအောင်ပတ်ထားရပေမဲ့ ထိုလူ ရှက်နေကြောင်းကို သူခံစားနေရတာမို့...

"နံရံကို လက်ထောက်ထားနိုင်လား?"

"အင်း"

JiKe ထိုသူကို ခေါင်းငြိမ့်အချက်ပြလိုက်ပီး ထိန်းထားတဲ့လက်တွေကို ဖယ်ပေးလိုက်တယ်...
လူနာက နံရံမှာလက်ထောက်လိုက်တော့ နာသွားသလို တချက်တော့ အသံထွက်လာသေး၏...
"ပီးရင် ငါ့ကိုလှမ်းခေါ်လိုက်နော်"
JiKe က တံခါးမပိတ်ပေးခင်မှာခဲ့လိုက်သေးသည်...

အိမ်သာသံရေကျသံကြားရပီး ခဏလောက်နေတော့ -
"ပြီးသွားပြီ"

JiKe အိမ်သာထဲပြန်ဝင်သွားတော့ ထိုလူနာက ခေါင်းကိုငုံ့ပီး သူ့ဘောင်းဘီ ခါးစည်းကြိုးကို ချည်ဖို့ကြိုးစားနေတယ်...ဒါပေမဲ့ သူ့လက်တွေက ဆန်မုန့်ပေါင်းလို ထုပ်ခံထားရတော့ ဘယ်လိုမှမရ..
"ငါတောင်းပန်ပါတယ်...မင်းကိုပဲ ရှုပ်စေရတော့မယ်"

JiKe က ခေါင်းယမ်းပြပီး -
"လက်လေး နဲနဲ အလုပ်ပေးရတာကို ဘာရှုပ်မှာလဲ?"
JiKe က ခေါင်းငုံပီး ထိုလူနာကို ဘောင်းဘီခါးကြိုး ချည်ပေးလိုက်သည်..
သူခေါင်းပြန်မော့လာတော့ သူ့ကို ငုံ့ကြည့်နေတဲ့ ထိုလူနာနဲ့အကြည့်ချင်းဆုံသွားခိုက် ... မျက်လုံးနက်နက်တွေနဲ့ မျက်သားဖြူတွေ... ဒီလို အကြည့် မျက်လုံးမျိုးကို ဘာလို့ ရင်းနှီးနေတယ်လို့ ခံစားမိနေတာလဲ?

"ငါကြားတာ မင်းက အရက်ကိစ္စနဲ့ဆေးရုံတက်နေရတာဆို...ခေါင်းတွေ၊ခြေ လက်တွေက ဘယ်လို ဒဏ်ရာ ရခဲ့တာလဲ?"

"အရက်မူးပီး မှန်တွေပစ်ထားတဲ့ အမှိုက်ပုံထဲ ပြုတ်ကျလို့ မှန်စူးကုန်တာ"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now