Chapter 117

4.2K 365 11
                                    

18.6.2023 (Edited)

Chapter 117 : A Family of Three...

YunJin က အတော်မူးနေတာမို့ အိမ်ရောက်တဲ့ အထိ WangXiang က ပဲ တွဲကူပေးခဲ့ရတယ်...
အိမ်ရောက်တော့လည်း JiKe, FuShiWen, RuanRuan လေး နဲ့ YunJin တို့ အတူတူ တစ်ခန်းထဲ အိပ်ကြရ၏...

အိပ်ရာကအတော်ကြီးတာမို့ တစ်ယောက် နဲ့ တစ်ယောက် မထိနိုင်ပေမဲ့ FuShiWen ကတော့ သူတို့အိပ်ရာထဲကို YunJin လာအိပ်လို့ စိတ်ပျက်နေတဲ့ပုံနဲ့..
အိပ်ခါနီး မီးပိတ်မလို့ရှိသေး YunJin က ရုတ်တရက် ထထိုင်တယ်...

"YunJin... သန့်စင်ခန်းသွားချင်လို့လား??"
JiKe က မေးတော့ -

"ကျွန်တော့် ဖုန်းကော??"
YunJin က ဟိုဒီလိုက်ကြည့်ပီး သူ့ဖုန်းကို ရှာပုံတော်ဖွင့်သည်..

ကြမ်းပြင်ပေါ်မှာတွေ့တဲ့ ဖုန်းတစ်လုံးကို FuShiWen ကလှမ်းကောက်ကာ YunJin ဆီ ပစ်ပေးလိုက်ပီး -
"ရော့...အဲ့မှာ"

"ကျေးဇူးဗျ"
သူ့ဖုန်းက ဘာလို့ FuShiWen လက်ထဲရောက်နေခဲ့လဲဆိုတာ YunJin က နားမလည် ယောင်ချာချာနဲ့ ကျေးဇူးတင်စကားတော့ သတိတရပြောသေးတယ်..

JiKe စိတ်ထဲမှာတော့ - YunJin က ဂိမ်းဆော့ချင်လို့ ဖုန်းတောင်းတယ်ပေါ့... ဘယ်ဟုတ်ပါ့မလဲ! YunJin က ဖုန်းလက်ထဲရောက်တာနဲ့ တစုံတယောက်ကို ဖုန်းလှမ်းခေါ်သည်...
ဖုန်းကတော်တော်နဲ့ ခေါ်မရပုံ ဖြစ်နေပေမဲ့ YunJin က ဇွဲ မလျော့ပဲ ထပ်ခါထပ်ခါ ခေါ်နေတယ်...
တစ်ကြိမ်မြောက်မှာတော့ တဖက်က ဖုန်းကိုင်လာပီး ဖုန်း ထူး လိုက်သူက LiangHuai ...
"Hello ??? ဘာကိစ္စရှိလို့လဲ???"

LiangHuai အသံကြားတာနဲ့ YunJin မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပီး ငိုပါတော့သည်..

"ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်"
LiangHuai က ဖုန်းချဖို့ ပြောလာတော့မှ -

"LiangHuai!!! ခများက အရူးကြီး !!!"
YunJin က နှာတွေယိုနေတာကို တစ်ချက်ရှူံ့လိုက်ပီး LiangHuai ကို လှမ်းဆူသညါ...

YunJin က ဝိုင်တွေသောက်ပီး မူးရူးနေလို့သာ လူတွေကို ဆူရဲတာ...ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ ဆူတဲ့ အသံက ခက်ထန်တာမျိုးမဟုတ်ပဲ သနားဖို့တောင်ကောင်းနေသေးတယ် ..

FuShiWen က JiKe နား နားကပ်ပီး -
"LiangHuai က ဘယ်သူကြီးလဲ??"

"အရူးတစ်ယောက်"
JiKe ကလည်း LiangHuai ကို YunJin ခေါ်လိုက်တဲ့အတိူင်း အမည်ပေးတယ်..

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now