BaiXu (04) သူ့ သွေးသားလေးကို ကျွန်တော်လွယ်ထားရတယ်...

1.5K 136 9
                                    

9.10.2023(Edited)
(Unicode)

အစောပိုင်းနှစ်တွေမှာတုန်းက Bai မိသားစုဟာ Sမြို့တော်မှာ ပထမတန်းစား လူတန်းစားအဆင့်တောင် မရှိခဲ့ပါဖူး... လောလောလတ်လတ် နှစ်တချို့မှာတောင် စီးပွါးရေးကြပ်ပြီး ကျခဲ့သေးတယ်...
BaiYue ရဲ့ အဖေအရင်း သခင်ကြီး ပိုင်ခန်းရွှမ် ဟာ လူငယ်ဘဝတုန်းက သိပ်ကိုပွေရှုပ်ခဲ့တဲ့ play boy တစ်ယောက်.. အသက် ၄၀ ထဲရောက်မှ ခြေငြိမ်သွားပေမဲ့ အိမ်ပေါ်ကို မယားငယ်တော့ခေါ်တင်လာခဲ့သည်...ထိုအခါ မကြာခင်ကမှ ကလေးဆုံးရှုံးထားတဲ့ သခင်မကြီးက မခံနိုင်ဖြစ်ကာ သခင်ကြီးသွေးပါသူ အပြင်က သွေးသားကို အပြင်းအထန်လိုက်ရှာခဲ့ရင်း နောက်ဆုံး BaiYue ကိုတွေ့ကာ သူမသားအဖြစ် ၊ အမွေခံသခင်လေးအဖြစ် အိမ်ပေါ်ခေါ်တင်ချလာခဲ့ခြင်း...

Bai အိမ်တော်က လူတွေဟာ အခုအချိန် BaiYue တစ်ယောက် အပြင်မှာ လုပ်ငန်းခွဲတွေနဲ့မီလျံနာ သူဌေးတစ်ယောက်ဖြစ်နေပီဆိုတာကိုတောင် မသိကြသေးပါဖူး...

နှစ်တွေချီပီးငွေတွေအများကြီးရအောင် ကြိုးစားခဲ့တဲ့ BaiYue ရဲ့ အဓိက ရည်မှန်းချက်ကတော့ - ဘယ်သူ့မျက်နှာမှကြည့်စရာမလို၊ ကိုယ် မလုပ်ချင်တာတွေကို မလုပ်ရအောင် ကိုယ့်ဘဝကိုယ်ပိုင်နိုင်မဲ့ သူဌေးတစ်ယောက် ၊ လူကောင်း တစ်ယောက် ဖြစ်ချင်ခဲ့လို့ပါပဲ...
နှစ်ချီကြာခဲ့ပီးနောက် အခုချိန်မှာတော့ BaiYue သက်ပြင်းမောကြီးကို မှုတ်ထုတ်နိုင်ခဲ့ပါပီ...
သူ အိမ်ပြန်ရဲခဲ့ပီ...

တစ်လမ်းလုံး XuChun နဲ့လည်း စကားမပြောဖြစ်ခဲ့ကြဖူး... သူ XuChun ကို မလိုအပ်ပေမဲ့ ဘာလို့ခေါ်လာခဲ့ချင်ပါလိမ့်? အခုကြုံတွေရမဲ့ သူ့ဘဝအပြောင်းအလဲ စိတ်လှုပ်ရှားမှုတွေကို ကြည့်ပေးမဲ့ လူရှိစေချင်လို့များလား??

BaiYue အိမ်မပြန်ဖြစ်ခဲ့တာနှစ်ချီခဲ့ပီ... တစ်စတစ်စ နီးလာပီဖြစ်သော အိမ်ကို လှမ်းကြည့်ရင်း စတီယာရင်ကိုဆုပ်ကိုင်ထားတဲ့ BaiYue လက်တွေက တဖြည်းဖြည်းတင်းကြပ်လာကာ အနည်းငယ်လည်း တုန်ရီလာသည်...
ဂဏှာမငြိမ်လို့မဟုတ်ပဲ ကြုံရမှာတွေကို စိတ်လှုပ်ရှားမိနေလို့...

BaiYue လူခေါ်ဘဲလ် ကိုနှိပ်လိုက်တော့ စပီကာကနေ အိမ်ထိန်းရဲ့ အသံထွက်လာကာ -
"ဘယ်သူပါလဲ??"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now