Extra (64) Ending part 07 : ရှောင်းရှောင်ပေါင်းလေး ကြီးလာရင် ဘာလုပ်မယ်?

3.1K 254 4
                                    

7.10.2023(Edited)
((unicode))

"နေပါအူး... ငါက အဲ့စကားပြောဖို့ မတန်ဆုံးလို့ ပြောရအောင် မင်းကကော ဘာထူးလို့လဲ??"
LiangHuai ကို ကျောက်ကျိုးယွမ် ကြည့်နေတဲ့ အကြည့်တွေက - ငါက ကြာပန်းဖြူလိုစကားတွေပြောဖို့မထိုက်တန်ဖူး ထားပါတော့.. သူကကော ဘာများထူးလို့လဲ ဟ !!
၂ယောက်စလုံးက လူလိမ်လူဆိုးတွေပဲလေ!! ဘယ်သူက ပိုပြီးမြင့်မြတ်နေလို့လဲ!!!

LiangHuai က ခပ်ရွှဲ့ရွဲ့ပြုံးလျက် ရွှေလက်စွပ်ဝတ်ထားတဲ့ လက်ကို ထောင်ပြကာ တလှုပ်လှုပ် ယမ်းခါပြပြီး -
"သေချာတာပေါ့... ငါက မင်းထပ် မြင့်မြတ် ထိုက်တန်တယ်"

ကျောက်ကျိုးယွမ် ရွှေလက်စွပ်ကို ခဏတော့ ကြည့်နေပြီး ပြုံးကာ -
"Mr. Liang ကို ရှေးဟောင်းပစ္စည်းတွေ စိတ်ဝင်စားလိမ့်မယ်လို့ မထင်ခဲ့မိဖူး... ဘာကိုကြွားပြချင်နေတာလဲဆိုတာ တကယ်ကို မတွေးတတ်ဖူးဗျာ??"

LiangHuai က ရှင်းပြရမှာ ပျင်းလွန်းလို့ ကျောက်ကျိုးယွမ် ကို - 'တုံး အ ရန်ကော' ဟု အဓိပ္ပါယ်ရသည့် အကြည့်တွေနဲ့သာ ခပ်ပေပေ ကြည့်ပေးခဲ့သည်...

🍭🍬🍭🍬

ကလေး တစ်ယောက်အတွက် ပထမဆုံး ရိုးရာမွေးနေ့ ပွဲဆိုတာက တကယ်ကိုအရေးပါ ပါသည်...

YunJin ရဲ့မား က ရိုးရာဓလေ့အတိုင်း ကျင်းပရန် စားပွဲအကြီးကြီး တစ်ခုပေါ်တွင် ပစ္စည်းများစွာ အစီအရီ သေချာပြင်ဆင် တင်ထားသည်...
YunJin ပြင်ဆင်ထားတာတွေကို မျက်စိဝေ့ကြည့်တော့ - အဘိဓာန်စာအုပ်၊ စုတ်တံ၊ ဘဏ်ကဒ်၊ ပေကြိုး၊ တံဆိပ်တုံး၊ ဂဏန်းပေါင်းစက်၊ အိုးနဲ့ယောက်ချိုဇွန်း...အစရှိသဖြင့် စုံလှပါသည်...
ပစ္စည်းတစ်မျိုးချင်းစီမှာ အဓိပ္ပါယ် တမျိုးစီလည်း ရှိသေး၏...
ကလေးက အဘိဓာန် စာအုပ်ကိုရွေးခဲ့ရင် - သူလေး ကြီးလာရင်း စာတတ်ပေတတ် ပညာရေးနဲ့ လုပ်စားမဲ့သူ ဖြစ်မယ် ၊ စုတ်တံကို ရွေးရင် - ပန်းချီဆရာ၊စာရေးဆရာ၊ အနုပညာပိုင်း အားသန်မယ်၊ တံဆိပ်တုံးဆိုရင် - ရုံးဝန်ထမ်း၊ အာဏာရှိသူ ဖြစ်မယ် ... ဒီလိုမျိုးတွေပေါ့...

"အချိန်ကျတော့မယ်!! တို့မြေးလေးကိုခေါ်ခဲ့တော့လေဟေ့"
Mr. Wang က အရင်ကတည်းကလည်း တက်တက်ကြွကြွ နေတတ်သည့်အပြင် ဒီနေ့က သူ့အဖိုးတန်မြေးလေးရဲ့ မွေးနေ့ပွဲမို့ ပိုလို့ပျော်ရွှင်မြူးနေတော့၏...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now