Chapter 82

3.8K 383 10
                                    

17.6.2023(Edited)

Chapter 82 : ငါက လုံးဝ ချစ်စရာမကောင်းပါဖူးနော်...

JiKe သန့်စင်ခန်းထွက်သွားခဲ့တာ အတော်ကြာနေပီမို့ QianYu wechat ကနေ msg ပို့ပေမဲ့ reply လည်းမပြန်၊ ဖုန်းခေါ်တော့လည်း မဖြေ...
QianYu စိတ်ပူနေမိတယ်...JiKe က နဲနဲသောက်တာနဲ့ မူးလွယ်တယ်ဆိုတာ သူသိထားတယ်လေ...
ဒါပေမဲ့ သူဌေးဝမ် က သူ့ကို တချိန်လုံးဆွဲပီး အတူသောက်ခိုင်းနေတော့ သူ JiKe ကို သွားရှာလို့ မရဖူးဖြစ်နေတယ်
သူဌေးဝမ် အလိုကျခွက်အနည်းငယ် ထပ်သောက်ပီးတဲ့နောက် မနေနိုင်တော့တာနဲ့ JiKe ကိုရှာဖို့ အခန်းထဲက ထွက်ခဲ့တယ်...

JiKe ကိုမတွေ့ပေမဲ့ ထူးဆန်းစွာပဲ ဒါရိုက်တာလီ ကို လျှောက်လမ်းတစ်ခုမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နဲ့ ပွေ့ဖက်နမ်းရှုံ့နေတာကို တွေ့ခဲ့ရတယ်... ဒါရိုက်တာလီ က အိမ်ထောင်ကျပီးသားဖြစ်တဲ့အပြင် ကလေးတွေလည်းရှိတဲ့လူတစ်ယောက်...သူ့ရဲ့အငယ်ဆုံးသမီးတောင် အခုအထက်တန်းတက်နေပီ...ဒါရိုက်တာလီက အများအမြင်မှာ ခင်ပွန်းကောင်း ဖခင်ကောင်း တစ်ယောက်ပဲ...

QianYu မှတ်မိတာသာမှန်မယ်ဆိုရင် ဒါရိုက်တာကြီးရဲ့လက်မောင်းကြားထဲကကောင်လေးဟာ မကြာသေးခင်ကပဲ ဒီလောကထဲကိုဝင်လာတဲ့ ကြယ်ပွင့်အသစ်လေး...

ခပ်လှမ်းလှမ်းမှာဆေးလိပ်သောက်နေတဲ့ SunPeng က QianYu ကိုလှမ်းမြင်တော့ လာနှုတ်ဆက်တယ် -
"ရို့ ... အေးဂျင့် Qian...မတွေ့ရတာကြာပီပဲ"

QianYu မျက်မှောင်ကြုတ်ပီး SunPeng ကိုလှည့်ကြည့်မိတယ်... SunPeng ဟာ ကြယ်ပွင့်အသစ်လေးတွေရှိတိုင်း သူဌေးတွေဝိုင်းထဲခေါ်ခေါ်သွားပီး ဟိုလိုသည်လိုတွေ လုပ်ခိုင်းတယ်လို့ သတင်းကြားဖူးခဲ့ပေမဲ့ ခုလိုပေါ်တင်ကြီး လုပ်ချလိမ့်မယ်လို့ မထင်မိခဲ့...

QianYu က SunPeng နှုတ်ဆက်တာကို မကြားချင်ယောင်ဆောင်ကာ လာရာလမ်းအတိုင်းပြန့်လှည့်ပီးထွက်ခဲ့တယ်...

SunPeng က နှာမှုတ်လိုက်ပီး -
"ဒေါသကိုလာဆွနေတယ်"

QianYu သန့်စင်ခန်းတွေမှာလိုက်ရှာပေမဲ့ JiKe ကို မတွေ့နိုင်သေးတာမို့ ဖုန်းထပ်ခေါ်ကြည့်ပေမဲ့ မကိုင်ပြန်ဖူး...
အနဲငယ်ကြာမှ JiKe ဆီက msg တစ်စောင် ဝင်လာခဲ့တယ်..
// ငါအိမ်ပြန်ရောက်နေပီ //

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now