Extra (29) YunJin ရဲ့ အဖေ နိုးလာပီ...

2.9K 295 14
                                    

1.8.2023 (Edited)

YunJin တံခါးရှေ့မှာသာ ရပ်နေပြီး အတော်ကြာတဲ့အထိ တံခါးကို ဖွင့်မဝင်ရဲသေး...

"ပေါင်မုန့်လေး...ဝင်လာခဲ့ပါ"
ဝမ်ဖေဖေ ရဲ့ နွေးထွေးတဲ့အသံက အခန်းထဲက ထွက်လာခဲ့သည်..
ပါး ရဲ့ အသံကို မကြားရတာ အတော်ကြာပြီမို့ YunJin တစ်ကိုယ်လုံးတုန်ရီမိကာ တံခါးကိုဖြေးဖြေးချင်းဖွင့်ဝင်လိုက်သည်...

ပြတင်းပေါက်ဖွင့်ထားတာမို့ အခန်းထဲ လေကောင်းလေသန့်တွေ ဝင်လျက် အခန်းကလည်း သန့်ရှင်း သပ်ရပ်နေသည်...
ပါး က ကုတင်ပေါ်မှာ နောက်မှီထိုင်နေပြီး သူ့ရှေ့က စားပွဲပေါ်မှာလည်း ပစ္စည်းဟောင်း တချို့ရှိနေတယ်...

YunJin တုန်ရီနေသောအသံဖြင့် -
"ပါး..."

"လာပါအူး"
ဝမ်ဖေဖေ ရဲ့ မျက်လုံးတွေမှာ ပြောင်းလဲမှု တချို့ရှိနေသလိုပဲ...
YunJin ကုတင်ဘေးနားလျှောက်သွားပြီး ကုတင်ပေါ်မှာ တင်ပလွှဲထိုင်ချလိုက်ပေမဲ့ မျက်လုံးတွေကတော့ ပါး ကို ရင်မဆိုင်ရဲသေးပါ...
"ပါး..နေလို့ အဆင်ပြေရဲ့လား??"

ဝမ်ဖေဖေ က ခေါင်းငြိမ့်ပြတယ်...
YunJin သူ့ကိုယ် သူ အပြစ်တင်နေတဲ့ ပုံစံကိုကြည့်ပြီး ဝမ်ဖေဖေ သက်ပြင်းချကာ -
"ပေါင်မုန့်လေး...ပါး ဖြစ်စင် အကုန် သိပြီးပြီ"

"ပါး...သား တောင်းပန်ပါတယ်"
YunJin နှုတ်ခမ်းကိုဖိကိုက်ပြီး ခေါင်းကို ပိုငုံ့ချမိသည်...

ဝမ်ဖေဖေ က YunJin ရဲ့ ခေါင်းလေးကို ပုတ်ပေးရင်း -
"သား ရဲ့ အပြစ်မှ မဟုတ်တာ"
"အဲ့ကလေး လေးမှာ လက်စားချေချင်တဲ့ စိတ် ပြင်းထန်ခဲ့လိမ့်မယ်လို့ ပါး မထင်ခဲ့မိဖူး... ၁၀နှစ်ကျော်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေပေါ့"

"ပါး...အဲ့နှစ်တွေတုန်းက ဘာတွေဖြစ်ခဲ့ကြတာလဲ??"
YunJin အဖြစ်မှန်ကို သိချင်လှပါပီ... LiangHuai စွပ်စွဲသလို ပါး က အဲ့လိုလူမျိုး ဖြစ်မှာ မဟုတ်ဖူး..

ဝမ်ဖေဖေ က သူ့ရှေ့ရှိပစ္စည်းဟောင်းတချို့ကို ကြည့်နေရင်း အတိတ်တွေကို ပြန်တူးဆွမိသည်..
"အဲ့နှစ်တွေတုန်းက ပါး နဲ့ ဦးလေးဖိန့် တို့ ၂ယောက်ပေါင်းပြီး လုပ်ငန်းတစ်ခု ထောင်ခဲ့ကြတယ်... အစပိုင်းကတော့ အတော်အောင်မြင်အဆင်ပြေခဲ့ကြတယ်ပေါ့.. နောက်ပိုင်းမှာ ကိစ္စတချို့ ပြသနာရှိပြီး စီးပွါးရေးက ပြိုလဲမတက်ဖြစ်ခဲ့ရတယ်... အဲ့အချိန်မှာ ဖိန့်ဆောင်းဟွာ က သူထဲ့ထားတဲ့ ရှယ်ယာတွေနဲ့ ရှာခဲ့သမျှ အမြတ်ငွေ အတော်အများများကို ထုတ်ယူပြီး ပျက်စီးလုမတက် လုပ်ငန်းနဲ့ ပါး ကို စွန့်ခွါသွားပြီး တခြား စီးပွါးရေးဖက်ကို ကူးပြောင်းသွားခဲ့တယ်... ဖြစ်ချင်တော့ သူ ကူးပြောင်းလုပ်ခဲ့တဲ့ စီးပွါးရေးက ကျရှူံးခဲ့ပြန်တယ်.... ကျန်နေခဲ့တဲ့ ပျက်စီးလု ကုမ္ပဏီကို ပါးတစ်ယောက်တည်း ကြိုးစားတည်ထောင်ခဲ့ပြီး ပြန်အောင်မြင်လာတော့ အခုလို တိမ်တိုက်ကုမ္ပဏီ ရယ်လို့ ဖြစ်လာတာပဲ...."

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Место, где живут истории. Откройте их для себя