Chapter 78

4.1K 419 4
                                    

17.6.2023(Edited)

Chapter 78 : မင်းအဝတ်တွေ ဝတ်ထားပေး ...

ခရုပြုတ်က ဘာဟင်းခပ်မှုန့်မှ မထဲ့ထားပေမဲ့ ထင်ထားတာထပ် အရသာရှိနေတယ်...
နေ့လယ်စာစားပီးနောက် JiKe(ကျီခဲ့) နဲ့ YunJin(ယွင်ဂျင်) ၂ယောက်စလုံး တဲထဲ ဝင်အနားယူကြသည်...
မိုးကောင်းကင် က တဖြည်းဖြည်း တိမ်ထူထပ်လာကာ ကြည်လင်နေရာကနေ အုံ့မှိုင်းလာပီးနောက် မိုးစက်တွေကျလာပီး မိုးသည်းထန်စွာရွာသွန်းတော့သည်..

JiKe က ဟင်းချက်အိုးကို အမြန်အပြင်ထုတ်လိုက်ပီး မိုးရေခံလိုက်တယ်...ဒါမှ သောက်ရေ ရမယ် မဟုတ်လား!

"မဖြစ်နိုင်ဖူး! ယာယီတဲက မိုးမလုံဖူးပဲ!"
တဲအမိုးကနေ မိုးရေတွေ စယိုလာတာတွေ့တော့ YunJin စိတ်ပူလာရသည်..
"ဘယ်လိုလုပ်ကျမလဲ? JiJi...မိုးရေယိုနေရင် ငါ ည အိပ်လို့ ရမှာ မဟုတ်ဖူး!!"

JiKe တခဏလောက်စဉ်းစားခန်းဝင်နေပီး အပြင်ကို လှမ်းကြည့်ကာ -
"ငါ့ကို ခဏစောင့်ပေး"

JiKe တဲပြင်ကို ထွက် ဓါးကိုယူကာ မိုးထဲလေထဲ အနီးနားရှိကြီးမားဆုံး
ငှက်ပျောရွက် ကို သွားထွက်ခုတ်နေတာကို YunJin တဲထဲကနေ လှမ်းမြင်လိုက်၏...
JiKe က ကြီးမားတဲ့ ငှက်ပျောရွက်တချို့ကို ခုတ်ပီး တဲဆီဆွဲလာကာ သူတို့ တဲအမိုးပေါ်ပစ်တင် ကာရန်သည်..

"ဒါလည်းမလုံလောက်သေးဖူး...အပေါ်ကမယိုတော့ရင်တောင် တဲထဲကို ရေဝင်နေအူးမှာ"
မျက်နှာပြင်ပေါ်က မိုးရေစက်တွေကို သုတ်ရင်း Jike ပင့်သက်ရှိုက်မိသည်.

မိုးရေထဲကနေ ရိုက်ကူးနေဆဲဖြစ်တဲ့ ညီငယ်လေး က -
"တဲ ပတ်ပတ်လည်မှာ ရေမြောင်းသေးသေးတခု ပတ်လည်တူးပီး တစ်နေရာကို ရေစီးခိူင်းလိူက်ရင်ရော?"

"အဲ့ဒါကို ငါလုပ်ပေးမယ်"
YunJin က တက်တက်ကြွကြွနဲ့ တဲထဲက ထွက်လာခဲ့ပေမဲ့ မြေပြင်ကချောနေတာကို သတိမထားမိတော့ မှောက်ခုံ ပစ်လဲပီး ခွေးက အရိုးကုန်းကိုက်သလို ရွံ့တွေ ပါးစပ်ထဲ အလုံးအရင်း ဝင်လိူ့...

"နာလိုက်တာ"
YunJin က မေးစေ့ကို ပွတ်နေရင်း ငြီးပေမဲ့ -
"မြောင်းကို ငါတူးမယ်"

"တကယ်တူးနိုင်ရဲ့လား?"

JiKe နဲ့ ညီငယ်လေး ရှေ့ အားရပါးရချော်လဲသွားတာမို့ YunJin နဲနဲတော့ ရှက်မိတယ်..
"တူးနိုင်တာပေါ့...JiJi...ငါ့ကိုသာကြည့်ထားစမ်းပါ!!"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now