Chapter 113

3.9K 378 0
                                    

18.6.2023(Edited)

Chapter 113 : ထွက်ပြေးသွားတဲ့ မိန်းမ နောက် အမြန်လိုက်ရမယ်...

JiKe ပြန်သွားပီးနောက် FuShiWen ကုတင်ပေါ်မှာ လှဲလျောင်းနေရင်း မှတ်ဥာဏ်တွေအကြောင်း စဉ်းစားခန်းဖွင့်နေမိသည်...
ဆရာဝန်ကတော့ ပြောတယ် - ဒီအချိန်တိုအတွင်း ပြန်မှတ်မိလာတာက အတော် အထင်ကြီးစရာကောင်းပြီး ထိုမှတ်ဥာဏ်တွေကလည်း သူ့အတွက် အတော် အရေးပါခဲ့တဲ့ဟာတွေ ဖြစ်နိုင်တယ်တဲ့...

ဒါပေမဲ့ ... FuShiWen ပြန်မှတ်မိနေပါတယ်ဆိုတဲ့ မှတ်ဥာဏ်အပိုင်းအစတွေက - သူ နဲ့ သူ့မိန်းမ ချောချော လေးတို့ရဲ့ သွေးပူလေ့ကျင့်ခန်း* လုပ်ကြတဲ့ ပုံရိပ်တွေချည်းပဲ !
အဲ့ မှတ်ဥာဏ်အသစ်တွေပြန်သတိရလာတိုင်း FuShiWen ခေါင်းက မူးနောက်နောက်ဖြစ်လာပေမဲ့ သူ့အောက်ပိုင်းတစ်နေရာကတော့ အတော်ကို ခွန်အားပြည့်တက်ကြွလာတယ်...

မိန်းမလေး ကိုယ်တိုင်ခွံကျွေးတဲ့ ပြောင်းဆန်ပြုတ်တွေစားခဲ့ရလို့လားတော့ မသိ... ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ရပီး မနက်မိုးလာတာတဲ့ LinYu ကိုသာ သူမျှော်နေမိသည်...
တစ်မနက်လုံး စောင့်နေခဲ့ပေမဲ့ LinYu က ပေါ်မလာ...

"မား...အားယွီ ဘယ်မှာလဲ??"
နေ့လည်စောင်းတော့ သူ မနေနိုင်တော့တာမို့ သူ့အမေကို မေးဖြစ်တယ်...
Ms. Lan က အိပ်ရာဘေးမှာ ခုံတစ်ခုနဲ့ ထိုင်နေပီး FuShiWen စားဖို့ ပန်းသီးအခွံခွါပေးနေရင်း -
"ရှီဝိန် ... သား မသိလိုက်ဖူးလား? LinYu မနေ့ညက လေယာဉ်နဲ့ တစ်နေရာကို ခရီးသွားခဲ့ပြီလေ"

Ms. Lan က ဘဝတစ်လျှောက် စီးပွါးရေးပဲ လုပ်ခဲ့သူမို့ အခုလို ပန်းသီး အခွံနွှာနေရမျိုး လုံးဝ မကျွမ်း ပဲ လက်တစ်ဖက် က အခွံနွာဓါးကိုင်ထားပီး တစ်ဖက်က ပန်းသီးကိုင်ထားတဲ့ပုံက လုံးဝ သူမ နဲ့ မအက်စက်နေပါ...
FuShiWen အတိတ်မေ့သွားတော့ သူက သူ့အမေနဲ့ အရင်လို တအားမစိမ်းတော့ဖူး... ဒီအခွင့်အရေးကို Ms. Lan က အပြည့်အဝ ဆုပ်ကိုင်ပြီး မိခင်တစ်ယောက်အနေနဲ့ သူမ လစ်ဟာခဲ့တာတွေအတွက် ရသလောက် ပြန်ပေးဆပ်ဖို့ကြိုးစားမယ်..

Ms. Lan လက်ထဲက ပန်းသီးကို FuShiWen ငေးကြည့်နေရင်း - ဒါက LinYu မနေ့ညနေ လာတုန်းက ဝယ်ပေးသွားတာတွေပဲ... ဆန်ပြုတ်တစ်ပွဲ ခွံ့ကျွေးပီးတာနဲ့ ပြန်သွားတဲ့ LinYu...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Onde histórias criam vida. Descubra agora